နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားသုံးစွဲမှု တစ်နိုင်ငံလုံး၏ ၅၀ ရာခိုင်နှုန်း ပြည့်မြောက်သည့် အထိမ်းအမှတ် ဂုဏ်ပြုအခမ်းအနားနှင့် မြိုင်မြို့နယ်အတွင်း ကျေးရွာ ၆၀ လျှပ်စစ်မီးလင်းရေး အခမ်းအနားများ ကျင်းပ

 

နေပြည်တော်  ၁၆    ဖေဖော်ဝါရီ  
    
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား သုံးစွဲမှု တစ်နိုင်ငံလုံး၏ ၅၀ ရာခိုင်နှုန်း ပြည့်မြောက်သည့် အထိမ်းအမှတ် ဂုဏ်ပြု အခမ်းအနားနှင့်  မြိုင်မြို့နယ်အတွင်း ကျေးရွာ ၆၀ လျှပ်စစ်မီးလင်းရေးအခမ်းအနားများကို ယနေ့ နံနက် ၉ နာရီတွင် မကွေးတိုင်း ဒေသကြီး၊ မြိုင်မြို့၌ ကျင်းသည်။
ရှေးဦးစွာ နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားသုံးစွဲမှု တစ်နိုင်ငံလုံး၏ (၅၀ ရာခိုင်နှုန်း ပြည့်မြောက်သည့်အထိမ်းအမှတ် အခမ်းအနားမုခ်ဦးအား မကွေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်း၊ မကွေးတိုင်းဒေသကြီး ဥပဒေချုပ် ဦးဆန်းလင်း၊ မကွေးတိုင်းဒေသကြီး သယံဇာတ၊ သဘာဝ ပတ်ဝန်းကျင်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်၊ တိုင်းဒေသကြီး အမှတ်(၁) လွှတ်တော် ကိုယ်စားလှယ် ဦးသက်နိုင်နှင့် တိုင်းဒေသကြီး အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဌေးတို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးသည်။
အခမ်းအနားအစီအစဉ် ဒုတိယပိုင်းအား ဆက်လက်ကျင်းပရာ မကွေးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ နိုင်ငံတော် ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားသုံးစွဲမှု တစ်နိုင်ငံလုံး၏ ၅၀ ရာခိုင်နှုန်း ပြည့်မြောက်သည့် အထိမ်းအမှတ်နှင့် မြိုင်မြို့နယ်အတွင်းရှိ ကျေးရွာ ၆၀ လျှပ်စစ်ဓာတ်အား ရရှိသုံးစွဲ နိုင်ခဲ့ မှုများနှင့် ပတ်သက်၍ အမှာစကားပြောကြားသည်။

1245

 
ယင်းနောက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းက ယခုကဲ့သို့ မြိုင်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုပေါင်း ၃၀ ၊ ကျေးရွာပေါင်း ၆၀ ၊ အိမ်ထောင်စု ပေါင်း ၁၂၄၀၄ စု လျှပ်စစ်မီးအလင်းရရှိစေရန်အတွက် မကွေးတိုင်းဒေသကြီးအနေဖြင့် လက်ရှိ တွင် လျှပ်စစ်ဓာတ်အား ၁၀၀ မဂ္ဂါဝပ်ခန့်သာ အသုံးပြုလျက်ရှိသည့်အတွက် ဓာတ်အား လုံလောက်စွာ ဖြန့်ဖြူးပေးနိုင် သည့်အပြင် ပိုလျှံသည့်လျှပ်စစ်ဓာတ်အားများသည် နိုင်ငံတော် ဓာတ်အားစနစ်အတွင်းသို့ အလို အလျောက် စီးဆင်းသွားမည်ဖြစ်ပြီး ဓာတ်အားစနစ်အတွင်းရှိ လျှပ်စစ်ဓာတ်အားအသုံးပြု နေသော ပြည်သူများမှလည်း အကျိုးမျှဝေခံစားနေရသဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုသည့်စက်ရုံများဖြစ်ပါကြောင်း၊ ယခင် က မကွေးတိုင်းဒေသကြီးအတွင်း ဒီဇယ် အင်ဂျင်သုံးဓာတ်အားပေးစက်များဖြင့် ဓာတ်အား ဖြန့်ဖြူးပေးနေသည့် ကံမမြို့၊ မင်းတုန်းမြို့၊ ကျောက်ထုမြို့၊ ဆောမြို့နှင့် ထီးလင်းမြို့များကို ၂၀၁၆ ခုနှစ်မှ စတင်၍ နိုင်ငံတော် ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားများ ဖြန့်ဖြူးပေးနိုင် ခဲ့ပြီဖြစ်ပါကြောင်း၊ ထို့ကြောင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့ (၃၂) မြို့လုံးတွင် နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားများကို ရရှိသုံးစွဲနေပြီဖြစ်ပါကြောင်း၊ ဆက်လက်၍ ၆၆ ကေဗွီ မြိုင်ဓာတ်အားခွဲရုံနှင့် ၆၆ ကေဗွီ ရေစကြိုဓာတ်အားခွဲရုံတို့ကို ယခု ဘဏ္ဍာနှစ်အတွင်း အကောင်အထည်ဖော် တည်ဆောက်သွားမည်ဖြစ်ပါကြောင်း၊ အလားတူ မကွေးတိုင်းဒေသကြီး အတွင်း အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း (NEP) ဖြင့် ပထမအဆင့်တွင် ကျေးရွာ ပေါင်း (၆၆၄) ရွာ၊ ဒုတိယအဆင့်တွင် ကျေးရွာပေါင်း (၃၈၆) ရွာတို့ကိုလည်း လျှပ်စစ် ဓာတ်အားရရှိသုံးစွဲနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။     မကွေးတိုင်းဒေသကြီးအစိုးရ အဖွဲ့မှလည်း ကျေးရွာများ လျှပ်စစ်ဓာတ်အား ရရှိသုံးစွဲ နိုင်ရေးကို ဦးစားပေးဆောင်ရွက် နေသကဲ့သို့ ပြည်သူလူထုမှလည်း ကိုယ့်အားကိုယ်ကိုးစနစ်ဖြင့် ကိုယ်ထူကိုယ်ထ ဆောင်ရွက်လျက် ရှိနေကြသည့်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဒေသခံပြည်သူများကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် များစွာဂုဏ်ယူ ဝမ်းမြောက် မိပါကြောင်း၊ အဆိုပါလုပ်ငန်းများ အားလုံး ဆောင်ရွက်ပြီးစီးသွားပါက မကွေးတိုင်းဒေသကြီး အတွင်း လျှပ်စစ်ဓာတ်အားရရှိမှုသည် လက်ရှိ ၃၅ ဒသမ ၉၄ ရာခိုင်နှုန်းမှ ၅၅ ဒသမ ၂၆ ရာခိုင်နှုန်းခန့်အထိ တိုးတက်သုံးစွဲလာနိုင်မည် ဖြစ်ပါကြောင်း၊    ပြည်သူများလျှပ်စစ်ဓာတ်အား တိုးတက် သုံးစွဲနိုင်ရေး အတွက် လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန၏ ကြိုးပမ်းမှုများအပေါ် ပြည်သူတစ်ရပ်လုံးမှလည်း ပူးပေါင်းပါဝင်ဆောင်ရွက် ပေးကြပါရန်နှင့် ဓာတ်အားရရှိသုံးစွဲနိုင်ခြင်း မရှိသေးသည့်ဒေသ များကို ဓာတ်အားဖြန့်ဖြူး ပေးနိုင်ရေး ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားရ မည်ဖြစ်၍ ဒေသခံမိဘ ပြည်သူများကလည်း ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန် မေတ္တာရပ်ခံ တိုက်တွန်းလိုပါကြောင်း၊ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်စေရန် လျှပ်စစ်ဓာတ်အားရရှိမှုသည် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါကြောင်း၊ ထိုသို့ နိုင်ငံတော်ဖွံ့ဖြိုးတိုး တက်ရေး တွင် တည်ငြိမ်ပြည့်ဝသော လျှပ်စစ်ဓာတ်အားပြည့်ဝစွာ ရရှိရေးအတွက် မိမိတို့ဝန်ကြီးဌာနမှ အင်တိုက်အားတိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုလိုဆောင်ရွက်ရသည်မှာ လည်း နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်မှသာ ပြည်သူများ၏အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက် လာပြီး လူနေမှုအဆင့် အတန်းများလည်း မြင့်တက်လာမည်ဖြစ်သည့်အတွက် မိမိတို့ဝန်ကြီး ဌာနနှင့်အတူ ပြည်သူတစ်ရပ်လုံးက အတူတကွပူးပေါင်းပါဝင် ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး အမှတ်(၁)လွှတ်တော်ကိုယ်စားလှယ် ဦးသက်နိုင်က တစ်နိုင်ငံလုံး၏ (၅၀ ရာခိုင်နှုန်း )  ပြည့်မြောက်သည့် အထိမ်းအမှတ်နှင့် မြိုင်မြို့နယ်အတွင်းရှိ ကျေးရွာ ၆၀ ရွာ လျှပ်စစ်ဓာတ်အား ရရှိသုံးစွဲ နိုင်ခဲ့မှုများနှင့် ပတ်သက်၍ ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ 
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး ဥပဒေချုပ် ၊ဒုတိယဝန်ကြီး နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက် လာသည့် ဧည့်သည်တော်များနှင့်အတူ  စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြပြီး ခန်းမအတွင်းပြသထားသည့် မကွေးတိုင်းဒေသကြီးအတွင်း လျှပ်စစ် ဓာတ်အားသုံးစွဲနိုင်မှု အခြေအနေ ပြသထားမှုပြခန်းများအား လှည့်လည်ကြည့်ရှုသည်။ 
ယနေ့တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ် ဓာတ်အားသုံးစွဲမှု ၅၀ရာခိုင်နှုန်း ပြည့်မြောက်မှုတွင်ပါဝင်သော မကွေးတိုင်းဒေသကြီး ၊ မြိုင်မြို့ နယ်အတွင်းရှိ ကျေးရွာအုပ်စု ၃၀ မှ ကျေးရွာပေါင်း ၆၀ ၊ အိမ်ထောင်စုပေါင်း ၁၂,၄၀၄ စု တို့အား နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေနှင့် ဒေသခံပြည်သူများ၏ ကိုယ်ထူကိုယ်ထ ဆောင်ရွက် မှုများဖြင့် လျှပ်စစ်မီးလင်းရေးဖွင့်ပွဲအခမ်းအနားများကို အောင်မြင်စွာ ကျင်းပသည်။ 
ထို့နောက် မြိုင်မြို့နယ်၊ သမန်းကန်ကျေးရွာနှင့် တဲကြီးကျေးရွာတို့တွင် ကျင်းပသည့် ကျေးရွာ ၆၀  ကိုယ့်အားကိုယ်ကိုးမီးလင်းရေးဖွင့်ပွဲ အခမ်းအနားများအား မကွေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်း၊ တိုင်းဒေသကြီး အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးသက်နိုင်၊ တိုင်းဒေ သကြီး အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဌေးနှင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးရဲတိုးသွင်တို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)