နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၇)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှတ်တမ်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၇)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ဇူလိုင် ၁ ရက် မွန်းလွဲပိုင်းက ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး၊ ဌာနဆိုင်ရာများမှ ပြောရေးဆိုခွင့်ရှိသူများနှင့် ဌာနဆိုင်ရာသတင်းထုတ်ပြန်ရေး အဖွဲ့ ကိုယ်စားလှယ်များက သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။

(ယမန်နေ့မှအဆက်)

Trend ဂျာနယ်မှ အယ်ဒီတာချုပ် ဦးဝဏ္ဏက Passport လုပ်ရန် တော်တော်လေး အခက်အခဲဖြစ်နေကြကြောင်း၊ လုပ်သည့် လူဦးရေ သည်လည်းများကြောင်း၊ လုပ်ရသည့်ဈေးနှုန်းလည်း တက်နေကြောင်း၊ ယနေ့ပေါက်ဈေးဆိုလျှင် Passport တစ်အုပ်ကို ငါးသိန်းဟု ကြား သိရကြောင်း၊ ယခု Online တွင် Booking တင်သော်လည်း တကယ် အခက်အခဲရှိသူကများနေကြောင်း၊ ပြည်ပထွက်သည့်သူများကလည်း အလွန်များကြောင်း၊ နိုင်ငံတော်အနေနှင့်   အဆင်ပြေအောင် မည်သို့ လုပ်ဆောင်ပေးမည်ကို   သိလိုကြောင်း၊ မြန်မာနိုင်ငံမှ ထွက်သွားပြီး နိုင်ငံခြားတွင်   အလုပ်လုပ်သည့်   အလုပ်သမားများက   နိုင်ငံခြားမှ ငွေလွှဲကြကြောင်း၊ Hundi နှင့် ပြည်ပမှ ငွေလွှဲကြကြောင်း၊ အစိုးရ အနေနှင့် အခွန်ရရှိရန်အတွက် ဘဏ်၊ သက်ဆိုင်ရာသံရုံး၊ အစိုးရနှင့် အလုပ်သမား မိသားစုများ ကွန်ရက်လုပ်ရန် အစီအစဉ်  ရှိ၊ မရှိ သိလို ကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ် ဇော်မင်းထွန်းက Passport နှင့်ပတ်သက်၍ ပြည်ထဲရေး ဝန်ကြီးဌာနက  အဓိကထား လုပ်ဆောင်နေခြင်းလည်းရှိကြောင်း၊ တချို့သတင်းဌာနများ၊ တချို့ကိုယ်တိုင်  Passport  လုပ်သူများ၏ ပြောပြချက်အရ ကြားသိရသည်များလည်းရှိကြောင်း၊ မိမိအနေနှင့် ပြောလိုသည်မှာ မြေပြင်တွင်ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များသည် တချို့နေရာများတွင် နှောင့်နှေးကြန့်ကြာမှုများရှိကြောင်း၊ ယခုအချိန် တွင် လုံခြုံရေးအရ စိစစ်ရမှုအခြေအနေများကြောင့် နှောင့်နှေးကြန့်ကြာ ရသည်ကိုလည်း သတင်းထောက်ကြီးတို့ သိပြီးလိမ့်မည်ဖြစ်ကြောင်း၊ အကြောင်းရင်းကို  စစ်ဆေးပြီးလျှင်  ပြေလည်အောင်၊ ယခုထက်ပိုပြီး မြန်ဆန်ရန်   လုပ်ဆောင်သွားနိုင်မည့်   အစီအစဉ်များကို   မိမိတို့ လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း၊ Hundi ဖြင့် ငွေလွှဲသည့်ကိစ္စနှင့် ပတ်သက်၍ ဘဏ်၊ သက်ဆိုင်ရာ သံရုံး၊ အစိုးရနှင့် လုပ်သားမိသားစု များအတွက် အာမခံနိုင်သည့်ကွန်ရက်ကို အကြောင်းအရာ မှတ်သားပြီး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊   Passport နှင့်    ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာနမှ လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဖြေဆိုပေးပါ ရန် မေတ္တာရပ်ခံပါကြောင်း ပြန်လည်ဖြေကြားသည်။

အချိန်ကာလတစ်ခုပေးရမည်ဖြစ်

ပြည်ထဲရေးဝန်ကြီးဌာနမှတာဝန်ရှိသူတစ်ဦးက Passport  နှင့် ပတ်သက်၍ မိမိတို့တွင် လုပ်ငန်းစဉ်များလည်းရှိကြောင်း၊ Online မှလည်း    လျှောက်၍ရကြောင်း၊   ကိုယ်တိုင်လည်းလျှောက်ထားနိုင် ကြောင်း၊ တိုင်​း​ဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင်လည်း ဌာနခွဲများ အနေနှင့် လုပ်ပေးနေသည်များလည်းရှိကြောင်း၊ သို့သော် တချို့သည် ကိုယ်တိုင်မလုပ်ဘဲ    ကြားထဲကပွဲစားများနှင့်   လုပ်နေသည်များရှိ ကြောင်း၊ ထိုသို့ ပွဲစားများနှင့် လုပ်ဆောင်ရာတွင် မလိုအပ်သည့် ကုန်ကျ စရိတ်များရှိနိုင်ကြောင်း၊ မိမိတို့သတ်မှတ်ထားသည့်နည်းလမ်းဖြင့် ကိုယ်တိုင်ကိုယ်ကျ  ဆောင်ရွက်မည်ဆိုလျှင် ပိုမိုကောင်းမွန်မည်ဖြစ် ကြောင်း၊ Passport လုပ်ဆောင်ရာတွင် ကြန့်ကြာသည်ဆိုသည်မှာ တစ်ရက်ကို လူပေါင်း  ၂၅၀၀ ခန့် လျှောက်ကြကြောင်း၊ Passport ထုတ်ပေးရာတွင် အလွယ်တကူ ထုတ်ပေး၍မရကြောင်း၊ လူတစ်ဦးချင်း နှင့်ပတ်သက်၍ လိုအပ်သည့်စာရွက်စာတမ်းများကို စိစစ်ရသည်များ ရှိကြောင်း၊ နောက်ကြောင်း ရာဇဝင်များကို စိစစ်ရသည်များလည်းရှိ ကြောင်း၊ Passport လျှောက်ထားသူများ၏ ပြစ်မှုကင်းရှင်းခြင်း ရှိ/မရှိ ကိုလည်း    စစ်ဆေးရသည်များလည်း   ရှိသည့်အတွက်ကြောင့် ထိုက်သင့်သည့် အချိန်ကာလတစ်ခုပေးရမည်ဖြစ်ကြောင်းကို နားလည် ပေးရန်လိုအပ်ပါကြောင်း ဖြေကြားသည်။

Bloomberg Myanmar သတင်းဌာနမှ သတင်းထောက် ဒေါ်ပိုး သိင်္ဂီကျော်က မော်တော်ယာဉ်လုပ်ငန်းနယ်ပယ်ဆိုသည်မှာ ယာဉ်များ တင်သွင်းမှု၊ တင်ပို့မှု၊ တပ်ဆင်ထုတ်လုပ်မှု၊ ရောင်းဝယ်မှုများသာမက ယာဉ်များကိုပြင်ဆင်ထိန်းသိမ်းမှု၊ ယာဉ်ပိုပစ္စည်းရောင်းဝယ်မှုများနှင့် နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအမြဲရှိနေသည့် လုပ်ငန်းနယ်ပယ် တစ်ခုဖြစ်ကြောင်း၊ ပြည်တွင်းကားဈေးကွက်တွင် Model အမြင့် ကား များနှင့် Model အနိမ့်ကားများပါမကျန် ဈေးနှုန်းများမြင့်ပြီး ဈေးကွက် လှုပ်ခတ်မှုပြင်းထန်နေကြောင်း၊    အမေရိကန်ဒေါ်လာနှင့်   ကျပ်ငွေ လဲလှယ်နှုန်းပြောင်းလဲမှုများကြောင့်လည်း   ပြည်တွင်း၌   တပ်ဆင် ထုတ်လုပ်သည့်   ကားကုမ္ပဏီများအတွက်   ဈေးနှုန်းပြင်ဆင်ရမည့် အခြေအနေများလည်းရှိလာသကဲ့သို့ ကားတင်သွင်းမှုရပ်ဆိုင်းနေခြင်း ကြောင့် ဈေးကွက်တွင် ဝယ်လိုအားနှင့် ရောင်းလိုအား ဟန်ချက်ပျက် နေကြောင်း၊ ပြည်ပမှ တိုက်ရိုက်ဖွင့်ထားသည့် Car Showroom ကြီး များကလည်း ကားတင်သွင်းခွင့်မရ၍ ခက်ခဲနေသည်ဟု သိရကြောင်း၊ ထိုအခြေအနေများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနှင့် မည်ကဲ့သို့ကိုင်တွယ်စီမံပံ့ပိုးပေးရန်ရှိသည်ကို   သိလိုကြောင်း၊  ထို့ပြင် တချို့လုပ်ငန်းများ၏ အစိုးရနှင့်ချုပ်ဆိုထားသည့် အခြေအနေများမှာ လက်ရှိအခြေအနေအရ အဆင်မပြေမှုများ  ရှိလာပါကြောင်း၊ ယင်း အတွက်ကြောင့် ထိုစာချုပ်များကိုလည်း ပြန်လည်စဉ်းစား ဆောင်ရွက် ပေးရန် ရှိ/မရှိ သိလိုကြောင်း မေးမြန်းသည်။

ကျန်သည့်ကိစ္စများကို ကန့်သတ်မှုများ ဆက်လက်ရှိနေမည်ဖြစ်
ဗိုလ်ချုပ် ဇော်မင်းထွန်းက ကားနှင့်ပတ်သက်၍ အထူး Permit နှင့် တင်သွင်းထားသည့်ကိစ္စမှအပ ကျန်သည့်ကိစ္စများကို လောလောဆယ် တွင် ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း၊ Public Transportation အများ ပြည်သူနှင့် သက်ဆိုင်သည့် သယ်ယူပို့ဆောင်ရေးကို အထူးကိစ္စအနေနှင့် မိမိတို့   ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ပုဂ္ဂလိကပိုင်းဆိုင်ရာများနှင့် ပတ်သက်၍ အထူးကိစ္စရပ်များတွင် ဥပမာအားကစားသမားများကို ကား Permit တင်သွင်းခွင့်ပေးခြင်းမျိုးမှအပ ကျန်သည့်ကိစ္စများကို ကန့်သတ်မှုများ  ဆက်လက်ရှိနေမည်ဖြစ်ကြောင်း၊ ကန့်သတ်မှုများ ဆက်ရှိနေရသည့် အကြောင်းအရာများလည်းရှိကြောင်း၊ ထိုကန့်သတ်မှု များနှင့်ပတ်သက်၍ ဖြေလျှော့ရန် အချိန်တန်သည့် အချိန်ရောက်မှ ဖြေလျှော့ပေးနိုင်မည်ဟု မိမိပြောလိုကြောင်း ဖြေကြားသည်။

One News သတင်းဌာနမှ အယ်ဒီတာ ဦးသွင်ထူးအောင်က မဲခေါင်- လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး အစည်းအဝေးကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ဇူလိုင် ၂ ရက်မှ ဇူလိုင် ၅ ရက်အထိ ကျင်းပပြုလုပ်သွားမည် ဟု သိရကြောင်း၊ ထိုအစည်းအဝေးတွင် မည်သည့်ကိစ္စများကို ပြုလုပ် ရန်ရှိသလဲ၊ ထိုအစည်းအဝေးပွဲမှ မည်သည်တို့ကို ဆက်လက်လုပ်ဆောင် သွားရန် စီစဉ်ထားရှိသည်ကို သိလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ် ဇော်မင်းထွန်းက မဲခေါင်-လန်ချန်း ကိစ္စနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်မှုများ    ဆောင်ရွက်လျက်ရှိပြီး  သတ်မှတ်ထားသည့် ရက်များတွင် မိမိတို့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာနိုင်ငံခြားရေးဝန်ကြီးများ တက်လိမ့်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံအကြားတွင် ချုပ်ဆိုမည့်စာချုပ်များကိုလည်း ချုပ်ဆိုမည် ဖြစ်ကြောင်း၊ ထို့အပြင် ဆောင်ရွက်ရန်ရှိသည့် လုပ်ငန်းများကိုလည်း ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အသေးစိတ် အချက် အလက်များကို အစည်းအဝေးပြီးသည့်နေ့တွင် သက်ဆိုင်ရာနိုင်ငံခြား ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပေးရန်ရှိကြောင်း၊ အချိန်မီလည်း မိမိတို့ သတင်းထုတ်ပြန်ပေးမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

Myanmar  Nation  Voice  သတင်းဌာနမှ  သတင်းထောက် ဒေါ်ဆွေဇင်ဦးက ဒေါ်အောင်ဆန်းစုကြည်ကို ကျခံရမည့်ပြစ်ဒဏ်များမှ ထက်ဝက်ခန့် လျှော့ပေးခဲ့ပါကြောင်း၊ CDM များကို ပြန်ခေါ်ခဲ့ပါကြောင်း၊ ပုဒ်မ ၅၀၅ ဖြင့် အမှုဖွင့်ခံထားရသူများကို ဖြေလျှော့ပေးခဲ့ပါကြောင်း၊ တောခိုသွားသည့်သူများကို ပြန်ခေါ်ပေးခဲ့ပါကြောင်း၊ ဝန်ထမ်းများ၏ အသက်ပြည့်ပင်စင် အသက် ၆၀ မှ ၆၂ နှစ်အထိ သတ်မှတ်ပေးခဲ့ခြင်းကို အားလုံး   အသိပင်ဖြစ်ပါကြောင်း၊   ဗိုလ်ချုပ်ပြောခဲ့သကဲ့သို့   ယခုနှစ် ဆယ်တန်းစာမေးပွဲကို ဖြေဆိုခဲ့ရသည့်သူများသည် အခက်အခဲများစွာ  နှင့် စာမေးပွဲကို   ဖြေဆိုခဲ့ရသည်ကို ဗိုလ်ချုပ်ကိုယ်တိုင်လည်း သိရှိပြီး ဖြစ်သည်ကို ပြောကြားခဲ့ပါကြောင်း၊ ယခု DSA ၊ DSMA ၊ DSTA များ လျှောက်ထားရန်  အသက်ကန့်သတ်ချက်ကို  ခြောက်လတိုးပေးခဲ့ပါ ကြောင်း၊ သို့သော်   တပ်မတော်ရင်ခွင်ကို   ခိုလှုံလိုသည့်  တချို့သော သားငယ်သမီးငယ်များသည် ရက်၊ လ အနည်းငယ်ကျော်လွန်နေကြသေးပါကြောင်း၊ ၁၉၈၉ ခုနှစ်တွင် ပညာသင်နှစ်  တစ်နှစ်ရပ်နားခဲ့ရ သော်လည်း ယခုလိုရပ်နားခဲ့ရခြင်းမျိုးနှင့် လုံးဝမတူပါကြောင်း၊ ယခု ကာလသည် တပ်မတော်ကို ချစ်သူ၊ မုန်းသူများက တစ်အိမ်ထဲမှာကို ကွဲပြားနေကြပါသေးကြောင်း၊ ယခုတပ်မတော်ထဲသို့ ဝင်လိုသူများ သည် အဓိကမှာ   အလုပ်အကိုင်အခွင့်အလမ်းကြောင့်   မဟုတ်ဘဲ တပ်မတော်ကို  ချစ်ခင်မြတ်နိုးသည့်အတွက်  တပ်မတော်၏ရင်ခွင်ကို ခိုလှုံလိုခြင်းကြောင့်ဆိုသည်မှာ   ငြင်းမရသည့်အချက်  တစ်ချက်ဖြစ် ကြောင်း၊      တပ်မတော်ကို          မုန်းစိတ်ဝင်နေသူများ၏အလယ်                      တပ်မတော် ရင်ခွင်ကို   ခိုလှုံလိုသည့်   သားငယ်သမီးငယ်များ  မိဘ ရင်ခွင်မှ တပ်မတော်ရင်ခွင်ကို  ပေးအပ်လိုသည့်  မိဘများအတွက် ဝင်ခွင့်များကို ၁၉ နှစ်ဟု   သတ်မှတ်ပြီး တပ်မတော်အတွက် သေသေ ချာချာစိစစ် ရွေးချယ်ပေးပါရန်    တောင်းဆိုမှုများ    များပြားလာပါက  ၁၉ နှစ်သို့    ပြောင်းလဲသတ်မှတ်ပေးလိုခြင်း   ရှိ/မရှိ  သိလိုပါကြောင်း၊ ဗိုလ်ချုပ်အနေနှင့်လည်း ယခုမေးမြန်းချက်ကို သက်ဆိုင်ရာအဆင့်ဆင့် တင်ပြပေးလိုပါသလား သိလိုကြောင်း မေးမြန်းသည်။

အဆင့်ဆင့် တင်ပြပေးမည်ဖြစ်

ဗိုလ်ချုပ် ဇော်မင်းထွန်းက DSA ၊ DSTA ၊ DSMA ၊ ဆေးဘက်ဆိုင်ရာ နှင့် ပတ်သက်သည့် အမျိုးသမီးများကိုခေါ်ရာတွင် ယခု ၁-၁-၂၀၂၃ ရက်တွင် ၁၈ နှစ် ထက်မကျော်ရဟု သတ်မှတ်ကြောင်း၊ နောက်ပိုင်းတွင် ၁၈ နှစ် ၆လ ထက်မကျော်ရဟု သတ်မှတ်ကြောင်း၊ ထိုသို့လုပ်ဆောင် သည်မှာလည်း ပြည်သူလူထုကတောင်းဆို၍ မိမိတို့က သတ်မှတ်ပေး ခြင်းဖြစ်ကြောင်း၊   မိဘပြည်သူများကိုယ်တိုင်လည်းပြောကြောင်း၊ ဖြေဆိုလိုသည့် ကလေးများကိုယ်တိုင်ကလည်းပြောကြောင်း၊ ၎င်းတို့ အနေဖြင့် သတင်းထောက်ကြီးပြောခဲ့သကဲ့သို့ အလုပ်အကိုင် အခွင့် အလမ်းဆိုသည်ထက် အမှန်တကယ်ကို တပ်မတော်ကိုချစ်၍ အမျိုးကို ချစ်၍၊ တပ်မတော်သို့ ဝင်လိုခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေ နှင့်ကလည်း ၁၈ နှစ် ၆ လအထိ တိုးပေးလိုက်ခြင်းဖြစ်ကြောင်း၊ ရပ်နား ခဲ့ရသည့်အချိန်နှင့် ပျမ်းမျှတွက်ခြင်းဖြစ်ကြောင်း၊ ယခုပြောကြားချက် ကိုလည်း ဆက်လက်ပြီးတင်ပြပေးသွားမည်ဖြစ်ကြောင်း၊ ထို့ပြင် မိဘ ပြည်သူများကလည်း ၁၉ နှစ်အထိတိုးပေးရန် ပြောနေသည်များရှိပါ ကြောင်း၊ ထိုကိစ္စများနှင့် ပတ်သက်၍ မိမိတို့ အဆင့်ဆင့်တင်ပြပေးမည် ဖြစ်ကြောင်း၊ ယခုပြောကြားသည့်ကိစ္စများနှင့် အပြင်၌ မိဘပြည်သူ များပြောကြားသည့်  လိုလားချက်များကိုလည်း သိရှိပါသည်ဟု မိမိ အနေနှင့် ပြောကြားလိုပါကြောင်း။   
    
နိုင်ငံတစ်နိုင်ငံကို    ထူထောင်သည့်နေရာတွင်   ဒီမိုကရေစီ နိုင်ငံတော်ဟု ပြောမည်ဆိုလျှင် နောက်ကလိုက်ရမည့်စကားသည် ပန်းပေါင်းတစ်ရာပွင့်ပါစေဆိုသည့် စကားပင်ဖြစ်ပါကြောင်း၊ အမြင် မတူ၊ သဘောထားကွဲလွဲနေသူများလည်း ရှိပါကြောင်း၊ အမြင်မတူ သဘောထား   ကွဲလွဲနေသည့်သူများသည်     တပ်မတော်ကြောင့်၊ တပ်မတော်ကြောင့်ဆိုပြီးပြောကြကြောင်း၊ ယခုအချိန်တွင် လက်တွေ့ လုပ်နေရသည့်   မည်သည့်ဘက်မှမပါသည့်  စီးပွားရေးသမားများ၊ မည်သည့်ဘက်မှမပါသည့်သူများ၊   နောက်ဆုံးပြောရမည်ဆိုလျှင် မည်သည့်ဘက်မှမပါဘူးဆိုသည့် မီဒီယာများကို  အပြင်မှာ လက်တွေ့ မေးကြည့်စေလိုကြောင်း၊ စစ်တပ်ကိုကြောက်ရသလားဟု တည့်တည့် မေးကြည့်စေလိုပါကြောင်း၊ မည်သူမျှ  စစ်တပ်ကို မကြောက်ရကြောင်း၊ လက်တွေ့တကယ်ဖြစ်နေသည်မှာ PDF ကိုသာ ကြောက်နေရခြင်း ဖြစ်ကြောင်း၊ ပါးစပ်ကထုတ်မပြောရဲလို့သာ ထုတ်မပြောဖြစ်ကြောင်း၊ အားလုံးသည် ထိုကဲ့သို့ဖြစ်နေခြင်းဖြစ်ကြောင်း။

ချိတ်ဆက်ဆောင်ရွက်နိုင်စေရန် ဆောင်ရွက်ပေးသွားမည်

မြန်မာနိုင်ငံ၌ တကယ်အကြမ်းဖက်လုပ်နေသည်မှာ  မည်သူတွေ  လုပ်နေသည်ကိုသိရန် လိုပါကြောင်း၊ တချို့မီဒီယာများသည် သိလျက် နှင့် မပြောကြကြောင်း၊ မျိုးချစ်များအနေနှင့်   လုပ်ကြံသတ်ဖြတ်ခံရခြင်း များ၊ ဗုံးခွဲခံရခြင်း၊ ခြိမ်းခြောက်ခြင်းများကို ခံရသည်ကိုလည်း  မိမိတို့ သိရပါကြောင်း၊ အဓိကပစ်မှတ်ထားပြီးလုပ်နေသည်မှာ ၎င်းတို့နှင့် ပြိုင်ဘက် နိုင်ငံရေးပါတီဝန်းရံသူများ၊ မြိုင်တွင်ဖြစ်ခဲ့သည့် ဒေါ်နန္ဒာတို့လို လူများကဲ့သို့ ဝန်းရံသူများ၊ ယခင်ကတည်းကတိုင် မျိုးချစ်၊ အမျိုးသား ရေးတွင် တက်ကြွလှုပ်ရှားသူများသာ လုပ်ကြံခံနေရ၊ သတ်ဖြတ်ခံနေရ ခြင်းဖြစ်ကြောင်း၊ တကယ့်အကြမ်းဖက်မှာ မည်သူဆိုသည်ကို သိလျက် နှင့် နားပိတ်၊ မျက်စိပိတ်နေရခြင်းဖြစ်ကြောင်း၊ ထိုကိစ္စများနှင့်ပတ်သက် ၍လည်း မိမိအနေနှင့်   အသိအမှတ်လည်း  ပြုပါကြောင်း၊ ဝမ်းလည်း နည်းပါကြောင်း၊ မိမိတို့အနေနှင့် လုံခြုံရေးအရ ပိုမိုစောင့်ရှောက်နိုင် စေရန်အတွက်လည်း    ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊   ထိုသို့ ဆောင်ရွက်သည့်နေရာတွင် သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တိုက်ရိုက်ချိတ်ဆက်ဆောင်ရွက်ပေးပါဟု   မိမိတို့   ပြောလိုကြောင်း၊ ထိုသို့ ချိတ်ဆက်ဆောင်ရွက်နိုင်စေရန်အတွက်လည်း မိမိတို့ ကြိုးစား ဆောင်ရွက်ပေးသွားမည်ဟု   ပြောလိုပါကြောင်း   ပြန်လည်ဖြေကြား သည်။

ရွှေတြိဂံသတင်းလွှာဂျာနယ်မှ  သတင်းထောက်  ဦးထွန်းထွန်း ဝင်း(ခ)ကိုထွန်း (မိုင်းဖြတ်)က ယခုလပိုင်းများတွင် အာဆီယံနိုင်ငံ တချို့က  ပြင်းပြင်းထန်ထန် ဝေဖန်ခြင်း၊ ယခုထက်ပိုပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို အရေးယူပေးရန်ပြောလာခြင်းများ မိမိတို့ တွေ့ရပါကြောင်း၊ အာဆီယံအဖွဲ့ဝင် နိုင်ငံတိုင်းလိုလိုကလည်း NUG နှင့်  ပေါ်ပေါ်တင်တင်  ပြောင်ကျကျ  တွေ့ဆုံခြင်းသော်လည်းကောင်း၊ သို့မဟုတ်  တရားဝင်မထုတ်ပြန်ဘဲ  တွေ့ဆုံခြင်းမျိုးများ   ရှိနေပါ ကြောင်း၊ ယခုနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရှိ တချို့အကြံပေး ပုဂ္ဂိုလ်များကလည်း ယခုထက်ပိုပြီးဖြစ်လာမည်ဆိုလျှင် အာဆီယံအစု အဖွဲ့မှထွက်ရန် အကြံပေးခြင်းများကိုလည်း မိမိတို့တစ်ဆင့်စကားများမှ ကြားသိရပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနှင့် အာဆီယံထဲမှ ထွက်မည်ဆိုသည့် စဉ်းစားချက်မျိုး ရှိ/မရှိသိလိုကြောင်း၊ အနောက်နိုင်ငံများဖြစ်သည့် EU နိုင်ငံများအပါအဝင် အာဆီယံနိုင်ငံများနှင့်ဆက်ဆံရေးတွင်လည်း သံတမန်ရေးရာ လျှော့ချခြင်းများကို လည်း မိမိတို့တွေ့နေရကြောင်း၊ ယခုရက်ပိုင်းတွင် ပိုမိုဖြစ်နေသည်မှာ Statement War ဖြစ်ကြောင်း၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ Statement များထုတ်ပြီး ကန့်ကွက်နေခြင်းများ၊ အပြန်လှန်ထုတ်ပြန်နေခြင်းများကို မိမိတို့တွေ့နေရပါကြောင်း၊ လန်ချန်း-မဲခေါင်နှင့်ပတ်သက်ပြီး ဗိုလ်ချုပ် ပြောကြားသွားသည်များလည်းရှိကြောင်း၊ ယခုရက်ပိုင်းတွင် တရုတ် နိုင်ငံခြားရေးဝန်ကြီးလာမည်၊ ထို့ပြင် အာဆီယံနှင့် ပတ်သက်သည့် နိုင်ငံခြားရေးဝန်ကြီးများလည်းလာမည်ဟု ဗိုလ်ချုပ်ပြော၍ မိမိတို့ သိရပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနှင့် အာဆီယံ မှ ထွက်မည်ဆိုသည့် စဉ်းစားချက် ရှိ/မရှိ နှင့် လန်ချန်း-မဲခေါင်ကဲ့သို့ Other Platform  များကို   အသုံးပြု၍   အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ အနောက်နိုင်ငံများနှင့် ဆက်ဆံရေးတိုးမြှင့်ရန် အစီအစဉ်ရှိ/ မရှိ သိလို ကြောင်း မေးမြန်းသည်။

 မူဝါဒများအညီ ကြိုးစားဆောင်ရွက်လျက်ရှိ

ဗိုလ်ချုပ် ဇော်မင်းထွန်းက နိုင်ငံခြားဆက်ဆံရေးနှင့်ပတ်သက်၍ မူဝါဒများလည်း   ရှိပါကြောင်း၊  အခြေခံဥပဒေပါ    မူဝါဒများအညီ မိမိတို့     ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ အာဆီယံ၏ ပဋိဉာဉ် စာတမ်းပါ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့် အာဆီယံ၏ အစဉ်အလာ ပြဋ္ဌာန်းချက်ကို ယုံကြည်သက်ဝင်၍ ၁၉၉၇ ခုနှစ်ကတည်းက မြန်မာ နိုင်ငံက အဖွဲ့ဝင်နိုင်ငံအဖြစ် ရောက်ရှိလာခြင်းဖြစ်ကြောင်း၊ အဖွဲ့ဝင် နိုင်ငံအဖြစ်မဝင်ခင်ကလည်း   စဉ်းစားချက်များ   များစွာရှိကြောင်း၊ ထိုအချိန်က နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ တပ်မတော်အစိုးရလက်ထက်တွင် အာဆီယံအဖွဲ့သို့ဝင်ရေး၊ မဝင်ရေး နှင့် ပတ်သက်၍ စဉ်းစားချက်များစွာလည်းရှိပါကြောင်း၊ အာဆီယံနိုင်ငံ အဖြစ် ဝင်နိုင်ရန်   အကူအညီပေးသည်မှာ မလေးရှားနိုင်ငံဝန်ကြီးချုပ်  ဒေါက်တာ မဟာသီယာက အကူအညီပေးခြင်းဖြစ်ကြောင်း၊ ထိုအချိန်မှ စပြီး ကူညီပေးခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏  ပြည်တွင်းရေး ကိစ္စများနှင့်ပတ်သက်၍ အာဆီယံအဖွဲ့ဝင်တချို့၏   ပြောဆိုချက်၊ လုပ်ဆောင်ချက်များသည် အာဆီယံပဋိဉာဉ် စာတမ်းပါမူများ၊ လုပ်ထုံး လုပ်နည်းများ၊   အစဉ်အလာများနှင့်  ကွဲလွဲနေသည်များကိုလည်း မိမိတို့ တွေ့ရပါကြောင်း။

အာဆီယံ ပဋိဉာဉ်စာတမ်း အပိုဒ် ၂ တွင်ပါသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအားလုံး၏ လွတ်လပ်ခွင့်၊ အချုပ်အခြာအာဏာပိုင်ဆိုင်မှု၊ တန်းတူညီတူရှိမှု၊    နယ်မြေတည်တံ့ခိုင်မြဲမှုနှင့်   အမျိုးသားရေး လက္ခဏာများကို လေးစားလိုက်နာရန်ဆိုသည့် ပြဋ္ဌာန်းချက်များကို လည်းကျော်လွန်ပြီး လုပ်ဆောင်နေသည်များကိုလည်း‌ တွေ့ရပါ ကြောင်း၊ အပိုဒ် ၅ တွင်ပါသည့် အဖွဲ့ဝင်နိုင်ငံများသည်  တူညီသည့် အခွင့်အရေးနှင့် တာဝန်များရှိရမည်ဆိုသည့်  ပြဋ္ဌာန်းချက်နှင့်လည်း ကိုက်ညီမှုမရှိသည့်အတွက် ထိုအကြောင်းအရာများကို မြန်မာနိုင်ငံက အမြဲတမ်း ထောက်ပြကန့်ကွက်လျက် ရှိပါကြောင်း၊ ကုလသမဂ္ဂပဋိဉာဉ် စာတမ်း အပိုဒ် ၂ တွင်  ရှင်းလင်းစွာဖော်ပြထားသည့်   နိုင်ငံများ၏ အချုပ်အခြာအာဏာ   တန်းတူညီမျှမှု    စည်းမျဉ်းများလိုက်နာရန် ပျက်ကွက်လျက်ရှိနေသည်များကိုလည်း အသိပေးကန့်ကွက်လျက်ရှိ ပါကြောင်း၊   အာဆီယံနိုင်ငံများအထဲက   မည်သည့်နိုင်ငံများက မြန်မာနိုင်ငံနှင့်   ပတ်သက်၍  အမြဲတမ်းဝေဖန်မှုများလုပ်နေသည်၊  အမြဲတမ်း  ကန့်ကွက်နေသည်ဆိုသည်ကိုလည်း မိမိတို့တွေ့ရမည်ဖြစ် ကြောင်း။

မဲခေါင်-လန်ချန်းဒေသနှင့်   ပတ်သက်၍    မဲခေါင်-လန်ချန်း အစည်းအဝေးကို မြန်မာနိုင်ငံတွင် မိမိတို့ဆောင်ရွက်နိုင်ခြင်းသည် မဲခေါင်မြစ်ဝှမ်းနိုင်ငံများ၏  တစ်ပေါင်းတစ်စည်းတည်းရှိမှုကို ပြသခြင်း ဖြစ်သည်ဟု မိမိပြောခဲ့ပါကြောင်း၊ ထိုစကား၏ နောက်ကွယ်တွင် အဓိပ္ပာယ်အများကြီးရှိပါကြောင်း၊ မိမိတို့အနေနှင့် အမျိုးသား အကျိုး စီးပွားအတွက် သင့်တော်သည့် တုံ့ပြန်မှုများကို အာဆီယံပဋိဉာဉ် စာတမ်း၏နောက်ဆက်တွဲ သဘောတူညီချက်၊ ကုလသမဂ္ဂပဋိဉာဉ် စာတမ်းပါ  ပြဋ္ဌာန်းချက်များနှင့်အညီ   မြန်မာနိုင်ငံက   ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ သတင်းထောက်ကြီး မေးမြန်း သည့် မေးခွန်းနှင့်ပတ်သက်၍ ပြောရမည်ဆိုလျှင် နိုင်ငံခြားဆက်ဆံရေး နိုင်ငံတကာ ဆက်ဆံရေးတွင် ထင်ရှားသည့်စကားနှင့်သာ မိမိ ပြောလို ပါကြောင်း၊ နိုင်ငံခြားဆက်ဆံရေး နိုင်ငံတကာဆက်ဆံရေးတွင် ထာဝရ မိတ်ဆွေ၊ ထာဝရရန်သူဟူ၍ မရှိပါကြောင်း၊ ထာဝရအကျိုးစီးပွားဖက် ဆိုသည်သာ ရှိပါကြောင်း၊ ထို့ကြောင့် မိမိတို့အနေနှင့်လည်း ထာဝရ အကျိုးစီးပွားကိုသာကြည့်၍ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ၏ အကျိုးစီးပွား  မြန်မာပြည်သူလူထု၏ အကျိုးစီးပွား၊   ထာဝရ အကျိုးစီးပွားကိုသာ မိမိတို့လက်ကိုင်ထားပြီး ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။
ရွှေတြိဂံသတင်းလွှာဂျာနယ်မှ   သတင်းထောက်   ဦးထွန်း ထွန်းဝင်းက မိမိမေးခဲ့သည့် Other Platform များကို အသုံးပြုရန်  ရှိ/မရှိ ကိစ္စကို သိလိုပါကြောင်း ထပ်မံမေးမြန်းသည်။

အဖွဲ့ဝင်နိုင်ငံအဖြစ်ဝင်ရောက်နိုင်ရေး  
ဆောင်ရွက်လျက်ရှိ

ဗိုလ်ချုပ် ဇော်မင်းထွန်းက  လက်ရှိလည်း   အသုံးပြုလျက်ရှိပါ ကြောင်း၊ ဒေသအတွင်း  ထိုသို့ Platform များသာမက မကြာသေးမီ အချိန်က ဥရောပ-အာရှ စီးပွားရေးအဖွဲ့ အဖွဲ့ဝင်နိုင်ငံအဖြစ်ဝင်ရောက် နိုင်ရေး  မိမိတို့ဆောင်ရွက်လျက်ရှိကြောင်း၊   ထိုကိစ္စနှင့် ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီးများကလည်း ရုရှားနိုင်ငံနှင့် သက်ဆိုင်ရာနိုင်ငံများ ၌ သွားရောက်လေ့လာခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ပြင် တချို့သော ကမ္ဘာ့အဖွဲ့အစည်းများတွင်လည်း မိမိတို့ဝင်ရောက်နိုင်ရန်၊ တခြားသောနည်းလမ်းများနှင့်     ဝင်ရောက်နိုင်ရေး     တခြားသော အဖွဲ့အစည်းများတွင် ဝင်ရောက်နိုင်ရန် မိမိတို့ ဆက်သွယ်ဆောင်ရွက် လျက်ရှိကြောင်း ပြန်လည်ဖြေကြားသည်။ 

(ဆက်လက်ဖော်ပြပါမည်)