နိုင်ငံတော် သံစုံတီးဝိုင်းနှင့် ဂျပန်နိုင်ငံမှ ဂီတစာဆို တီးဝိုင်းတို့ ပူးပေါင်းဖျော်ဖြေ တင်ဆက်မည်

နေပြည်တော် ၄  ဖေဖော်ဝါရီ

 

ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြား နိုင်ငံတော် သံစုံတီးဝိုင်းနှင့် ဂျပန်နိုင်ငံမှ ဂီတစာဆို တီးဝိုင်းခေါင်းဆောင် Mr. YUNOSUKE YAMAMOTO (Conductor&Composer) ဦးဆောင်သည့် ဂျပန်အနုပညာရှင် ၁၁ ဦးပါဝင်သော အနုပညာရှင်အဖွဲ့ဝင်တို့ ပူးပေါင်းဖျော်ဖြေ တင်ဆက်မည့် '' Myanmar National Symphony Orchestra Concerts 2018''ဖျော်ဖြေပွဲများကိုGitameit Chorus, Univoice Music Team Choir, Japan Culture House Chorusအဖွဲ့တို့နှင့်အတူ ဖေဖော်ဝါရီ ၆ ရက် ညနေ ၆ နာရီခွဲတွင် နေပြည်တော်MICC-II ၌လည်းကောင်း၊ ဖေဖော်ဝါရီ ၉ ရက် ညနေ ၆ နာရီခွဲတွင် ရန်ကုန်မြို့ အမျိုးသား ဇာတ်ရုံ၌ လည်းကောင်း ဖျော်ဖြေတင်ဆက်ပေးမည်ဖြစ်ရာ ဂန္ထဝင်ဂီတဆည်းဆာ ဖျော်ဖြေပွဲများသို့ မည်သူမဆို အခမဲ့လာရောက် ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။

 

အသေးစိတ်သိရှိလိုပါက မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ဖုန်း ဝ၉-၅ဝဝ၆၅၅၂ ၊ ဝ၁-၅၃၄ဝ၁၂၊ ဝ၁-၅၂၇၁၂၂၊ လိုင်းခွဲ - ၁၄၉ နှင့် ဂျပန်သံရုံး ဖုန်း ဝ၁-၅၄၉၆၆၄-၄၈၊ info.cul@yn. mofa .go.jo တို့သို့ ဆက်သွယ် မေးမြန်းနိုင်ကြောင်း သိရသည်။

 

MDN