နိုင်ငံတစ်ဝန်း ဝက်သက်-ဂျိုက်သိုးကာကွယ်ဆေးအစုလိုက်ထိုးနှံခြင်းလုပ်ငန်း တိုင်းအဆင့် အသိပေးဆွေးနွေးပွဲကျင်းပ

နေပြည်တော် ၅ နိုဝင်ဘာ

 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက နိုင်ငံတစ်ဝန်း ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေးအစုလိုက်ထိုးနှံခြင်းလုပ်ငန်း တိုင်းအဆင့်အသိပေးဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် အဆိုပါရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်း တက်ရောက်အဖွင့်အမှာစကားပြောကြားသည်။

 

ထို့နောက် နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ မျိုးစုကြည်(ရောဂါနှိမ်နင်းရေး)က ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ အသက် (၉)လမှ (၅)နှစ်ခွဲအထိကလေးငယ်များအား ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေး အစုလိုက် ထိုးနှံခြင်း လုပ်ငန်းဆောင်ရွက်မည့်အခြေအနေများကို ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် တက်ရောက်လာကြသည့် ဆေးရုံအုပ်ကြီးများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှူးများက ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေး အစုလိုက်ထိုးနှံခြင်းလုပ်ငန်းဆောင်ရွက်မည့် လုပ်ငန်းစဉ်နှင့်စပ်လျဉ်း၍ အကြံပြုဆွေးနွေးကြရာ နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်း နှင့် နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ မြတ်ဝဏ္ဏစိုး တို့က ဖြည့်စွက် ဆွေးနွေးခဲ့ကြ ကြောင်းသိရသည်။

 

(ရွှေကုက္ကို) ဦးဇော်မင်းလွင်