နိုင်ငံခြားခရီးသွားများ ဧရာဝတီမြစ်ကြောင်းမှတစ်ဆင့် မြင်းမူမြို့သို့ ပုံမှန်ဝင်ရောက်လျက်ရှိ

မြင်းမူ ၂၄ ဧပြီ

 

ပြည်တွင်းသို့ လာရောက်လည်ပတ်လျှက်ရှိသော  နိုင်ငံခြားသား ခရီးသွားအများစုမှာ  ယခုအခါ ဧရာဝတီမြစ်ကြောင်းမှ ရေလမ်းခရီးဖြင့်ဝင်ရောက်လျှက်ရှိရာ  စစ်ကိုင်းတိုင်းဒေသကြီး  မြင်းမူမြို့ ဧရာဝတီမြစ်ဆိပ်ကမ်းမှ ပုံမှန်ဝင်ရောက်လျှက်ရှိကြောင်းသိရသည်။

 

ယခုရာသီအချိန်သည်  မြစ်ရေနည်းပါးသည့်အချိန်ဖြစ်ပြီး  သင်္ဘောကြီးများ  မြစ်ကြောင်းမှ စုန်ဆင်းပြီးခရီးသွားလာရန် ခက်ခဲခြင်း  ဒီဆိပ်ကမ်းမှတစ်ဆင့် လိုရာခရီးကို   မော်တော်ယာဉ်ကြီးများဖြင့် လွယ်ကူစွာသွားလာနိုင်ခြင်းတို့ကြောင့်  ကမ္ဘာလှည့်ခရီးသည်တင်သင်္ဘောများ မြင်းမူမြို့ဆိပ်ကမ်းကိုဆိုက်ကပ်ခြင်းဖြစ်ကြောင်း  ရေကြောင်းဌာနမှသိရှိရသည်။ 

 

နိုင်ငံခြားသားခရီးသွားများသည် မြင်းမူမြို့သို့ရောက်ရှိစဉ်  အနှေးယာဉ်(ဆိုက်ကား)များဖြင့် ဧရာဝတီမြစ်ကမ်းလမ်းတစ်လျှောက်   လှည့်လှည်ကြည့်ရှုကြခြင်း   မြို့မဈေးအတွင်းဝင်ရောက်၍   မြန်မာ့ရိုးရာအစားအစာများအား ဝယ်ယူစားသုံးခြင်း   ဒေသခံတောဓလေ့ ခေါင်းရွက်လာသူများနှင့်  အတူဓာတ်ပုံရိုက်ကူးခြင်း ဝါးထောင်များသို့သွားရောက်ကာ အိမ်အမိုးကပ်ယက်လုပ်ခြင်း အိမ်အကာထရံများ ယက်လုပ်ခြင်း ဝင်းထရံယက်လုပ်ခြင်းများအား   စိတ်ဝင်စားစွာလေ့လာကြခြင်းများ  ပြုလုပ်ကြကြောင်းနှင့် အနှေးယာဉ်(ဆိုက်ကား)များနှင့် မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခြင်းများပြုလုပ်ပြီး မိမိတို့လိုရာခရီးသို့ မော်တော်ယာဉ်များဖြင့် ခရီးဆက်လျှက်ရှိကြောင်းသိရှိရသည်။

 

 

အောင်စိုးဖေ(မြင်းမူ)