နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရောဂါဖြစ်ပွားသူ မရှိစေရေး မြိတ်မြို့လေဆိပ်၊ ကားဂိတ်နှင့် သေင်္ဘာဆိပ်တို့တွင် စစ်ဆေးလျက်ရှိ

မြိတ်  ၂၇  ဇန်နဝါရီ  

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရောဂါဖြစ်ပွားသူမရှိစေရေးအတွက် လေဆိပ်၊ ကားဂိတ်နှင့် သေင်္ဘာဆိပ်တို့၌ မြိတ်မြို့သို့ရောက်ရှိလာသည့် ခရီးသည်များအား ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများမှ ဇန်နဝါရီ ၁၇ ရက်တွင် Control T . Infrared Thermoscope စမ်းသပ်ကိရိယာဖြင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

“လူတစ်ယောက်တွင် ပုံမှန်အပူချိန်ဟာ ၃၈ ဒီဂရီစင်တီဂရိတ်ရှိပါတယ်။ ဒီထက်ပိုရင် အဖျားရှိပါတယ်။ နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ကတော့ အဖျား(၁၀၁)ကျော် ပါတယ်။ သူ့ရဲ့လက္ခဏာကတော့ ခေါင်းကိုက်တာ၊ လည်ပင်းနာတာ၊ ချောင်းဆိုးတာ လက္ခဏာတွေ့ရင်တော့ သံသယအနေနဲ့ သူတို့ကို အချိန်မီညွှန်းပို့ ပေးမှာပါ။ အနယ်နယ်အရပ်ရပ်ကလာတဲ့ ခရီးသည်တွေကို စစ်ပါတယ်။ အထူးသဖြင့် ရန်ကုန်နှင့် နယ်စပ်ကလာတဲ့သူတွေကို အဓိက စစ်ပါတယ်။ ပြည်သူ့ဆေးရုံမှာတော့ အရေးပေါ်အခန်းတွေကို ပြင်ဆင်ထားရှိပါတယ်” ဟု ကျန်းမာရေးမှူး ဦးဇော်လွင်ထွန်းက ပြောသည်။

 

a

 

နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရောဂါဖြစ်ပွားသူမရှိစေရေး မြိတ်လေဆိပ်၊ အဝေးပြေးကားဝင်းနှင့် သေင်္ဘာဆိပ်တို့၌ စစ်ဆေးဆောင်ရွက်ရာတွင် ခရီးသည်များမှ စမ်းသပ်စစ်ဆေးမှုအား လိုလိုလားလားနှင့် စနစ်တကျ စစ်ဆေးမှုခံယူခဲ့ကြသည်။ မြန်မာနိုင်ငံ၌ နိုဗယ်ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် ရောဂါဖြစ်ပွားကူးစက်ခံရသူမရှိသေးကြောင်း မြိတ်ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မှသိရသည်။ 

ခိုင်ထူး (မြိတ် ပြန်/ဆက်)