နီပေါနိုင်ငံ၌ ဘတ်စ်ကားတိမ်းမှောက်မှုကြောင့် ၁၆ ဦးသေဆုံး

အောက်တိုဘာ ၇

 

နီပေါနိုင်ငံ ဘာရာခရိုင်တွင် ယမန်နေ့က ဘတ်စ်ကားတိမ်းမှောက်မှုကြောင်း ၁၆ ဦး သေဆုံးခဲ့ပြီး အခြား ၂၀ ဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာရဲတပ်ဖွဲ့က ပြောကြားသည်။

 

ခရီးသည် ၅၁ ဦးတင်ဆောင်လာသော ထိုဘတ်စ်ကားသည် ဟီတူဒါမှ တောင်ပိုင်း ဘာဂန်ဂျေမြို့သို့ ဦးတည်သွားနေစဉ် နိုင်ငံ၏အဝေးပြေးလမ်းမပေါ်တွင် မတော်တဆမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

 

သေဆုံးသူများအနက် တစ်ဦးသည် ဆေးရုံတွင် ဆေးကုသမှုခံယူနေစဉ် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း မာ့ခ်ဝန်ပါခရိုင် ရဲတပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်သူ ဘယ်လ်ရမ် ခရပ်တာက သတင်းထောက်များကို ပြောကြားသည်။

 

အဆိုပါယာဉ်မတော်တဆမှုကြောင့်  ဒဏ်ရာရရှိသူများသည် ဆေးကုသမှုခံယူလျက်ရှိပြီး ၎င်းတို့အနက် အများစုသည် အခြေအနေစိုးရိမ်ရသည်ဟု ၎င်းကဆိုသည်။

 

ပဏာမစစ်ဆေးချက်အရ ထိုယာဉ်မတော်တဆမှုဖြစ်ပွားရခြင်းသည် သတ်မှတ်နှုန်းထက်ကျော်လွန် မောင်းနှင်မှုကြောင့်ဖြစ်ကြောင်း ခရပ်တာက ပြောကြားသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို