ငယ်ရွယ်သောဆရာဝန်များ၏ အခန်းကဏ္ဍအရေးကြီးကြောင်း လစ်ဗျားဝန်ကြီးချုပ် ပြောကြား

ထရီပိုလီ ဇန်နဝါရီ ၁၇

 

လစ်ဗျားနိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍ မြှင့်တင်ရန်အတွက် ငယ်ရွယ်သော ဆရာဝန်များ၏ လုပ်ငန်းစွမ်းဆောင်မှု အခန်းကဏ္ဍသည် အရေးကြီးကြောင်း လစ်ဗျားဝန်ကြီးချုပ် အဗ္ဗဒူဟာမစ် ဒီဘီဘာက ပြောကြားသည်။

 

မိမိတို့သည် နိုင်ငံအတွင်း ငယ်ရွယ်သော ဆရာဝန်များ၏ လုပ်ငန်းစွမ်းရည် မြင့်မားမှုကြောင့် နိုင်ငံ၏ ကျန်းမာရေး စောင့်ရှောက်မှုစနစ် တိုးတက်လာသည်ကို မြင်တွေ့နေရကြောင်း ထရီပိုလီမြို့တွင် ကျင်းပသည့် ဆေးပညာဖိုရမ်၌ ၎င်းက ပြောကြားသည်။

 

၎င်းဆေးပညာဖိုရမ်အား နိုင်ငံတစ်ဝန်းရှိ ဆရာဝန်များနှင့် ဆေးကျောင်းသားများ တက်ရောက်ကြပြီး ဆေးပညာဆိုင်ရာ အချက်အလက်များနှင့် ငယ်ရွယ်သော ဆရာဝန်များ၏ လုပ်ငန်းစွမ်းဆောင်ရည်တိုးတက်စေရန် ကျင်းပခြင်းဖြစ်သည်။ လစ်ဗျားနိုင်ငံအတွင်း နှစ်အတန်ကြာ ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများကြောင့် နိုင်ငံသားများအား ကျန်းမာရေးနှင့် ပညာရေးဆိုင်ရာ အခြေခံခံစားခွင့်များရရှိစေရန် တာဝန်ရှိသူများက အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။

 

ကိုးကား-ဆင်ဟွာ၊

ဘာသာပြန်-စိုးသူရ