ငါးသယံဇာတထိန်းသိမ်းရေးနှင့် ရေချိုငါလုပ်ငန်းဥပဒေ၊ နည်းဥပဒေ ပညာပေးဟောပြောပွဲ အိမ်မဲမြို့တွင် ကျင်းပ

အိမ်မဲ ၁၇  ဇူလိုင်

 

ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနက ငါးသယံဇာတထိန်းသိမ်းရေးနှင့် ရေချိုငါးလုပ်ငန်းဥပဒေ၊ နည်းဥပဒေ ပညာပေးဟောပြောပွဲကို အဆိုပါဦးစီးဌာနရုံးခန်းမ၌ ဇူလိုင် ၁၇ ရက် နံနက် ၉ နာရီခွဲက ကျင်းပခဲ့ကြောင်း သိရသည်။

 

အဆိုပါအခမ်းအနားတွင် အိမ်မဲမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်စန္ဒာဝင်းက ငါးသယံဇာတ ထိန်းသိမ်းရေးအကြောင်း၊ ရေချိုငါးလုပ်ငန်းဥပဒေ၊ နည်းဥပဒေအကြောင်းနှင့် ဒုတိယမြို့နယ် ဦးစီးမှူး ဦးစိုးမြတ်ကျော်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဖို့၊ ငါးရိက္ခာများ စားသုံးခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။ 

 

ဆက်လက်ပြီး ငါးလုပ်ငန်း ဦးစီးဌာနက တက်ရောက်လာသော ငါးလုပ်ငန်းလုပ်ကိုင်ကြသူများကို ငါးသယံဇာတ ထိန်းသိမ်းရေးနှင့် ရေချိုငါးလုပ်ငန်းဥပဒေ၊ နည်းဥပဒေနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဖို့ ငါးရိက္ခာများစားသုံးစို့ လက်ကမ်း စာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါအခမ်းအနားကို အိမ်မဲမြို့နယ်အတွင်း ကျေးရွာများမှ ငါးလုပ်ငန်းလုပ်ကိုင်သူ ၃၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

 

ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)