ငါ့သရောက်မြို့ COMMUNITY CENTRE ၌ ကွန်ပျူတာအခြေခံသင်တန်း အခမဲ့ သင်ကြားပေးမည်

ငါ့သရောက် ၆ ဇွန်  
 
 
ညောင်ဦးခရိုင် ငါ့သရောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးဆောင်ဖွင့်လှစ်သော အခမဲ့ ကွန်ပျူတာသင်တန်းဖွင့်ပွဲကို ဇွန်လ ၆ ရက်နေ့ နံနက် ၉ နာရီက ငါ့သရောက်မြို့ ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre တွင်ကျင်းပခဲ့ကြောင်းသိရသည်။
 
 
ကွန်ပျူတာအခမဲ့သင်တန်းကို သင်တန်းသား တစ်ချိန်လျှင်(၂၅) ဦးနှုန်း သင်ကြားနိုင်ပြီး ငါ့သရောက်မြို့မှ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူများ တက်ရောက်ရန် လာရောက်စာရင်းပေးသွင်း ထားကြောင်း သိရသည်။ကွန်ပျူတာအခြေခံအဆင့် သင်ရိုးများကို နေ့စဉ် နံနက် ၈ နာရီမှ ညနေ ၄ နာရီအထိ ပိတ်ရက်မရှိ တစ်လကြာ ဖွင့်လှစ်သင်တန်းပေးသွားမည်ဖြစ်သည်။ 
 
 
ကိုထိန်(ငါ့သရောက်)