ငါးသိုင်းချောင်း ၂၁ ဇူလိုင်
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ် ငါးသိုင်းချောင်းမြို့အခြေခံပညာအထက်တန်းကျောင်း၌ ဇူလိုင် ၂၁ ရက် နံနက် ၈ နာရီတွင် ၂၀၂၀-၂၀၂၁ ပညာသင်နှစ် ဒသမတန်း(သင်ရိုးသစ်)(Grade-10)ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအစီအစဉ်များစနစ်တကျဆောင်ရွက်လျက် ကျောင်းစတင်ဖွင့် လှစ်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ အတန်းတက်ရောက်မည့် ကျောင်းသား ကျောင်းသူများအား ကျောင်းအဝင်၌(social distancing) သတ်မှတ်ခြင်း၊အပူချိန်တိုင်းတာစစ်ဆေးခြင်း၊ နှာခေါင်းစည်းများ စနစ်တကျတပ်ဆင်စေခြင်း၊ စာသင်ခန်းများတွင် ခြေနင်းဘေစင်နှင့် အမှိုက်ပုံးများ စနစ်တကျထားရှိခြင်း၊ စနစ်တကျလက်ဆေးစေခြင်းနှင့် ကျောင်းဝင်းအတွင်း၊ အပြင်နှင့် စာသင်ခန်းများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေးပိုစတာများ ကြော်ငြာထားရှိခြင်းတို့ကို ဆောင်ရွက်ထားရှိခြင်း၊ သက်ဆိုင်ရာမြို့ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး နည်းလမ်းများအတိုင်း စနစ်တကျပညာသင်ကြားနိုင်ရေး အသိပညာပေးဟောပြောခြင်းတို့ကို ဆောင်ရွက်ပေးလျက် ရှိပြီး ငါးသိုင်းချောင်းမြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာပညာရေးဌာနဝန်ထမ်းများ၊ မြို့ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များက ရောဂါကြိုတင်ကာကွယ်ရေးနည်းလမ်းများနှင့်အညီ စနစ်တကျ ပညာသင်ကြားနိုင်ရေး ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ငါးသိုင်းချောင်းမြို့ အထကကျောင်း၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အစီအစဉ်များဖြင့် ယနေ့ ဇူလိုင် ၂၁ ရက်တွင် ဒသမတန်း(သင်ရိုးသစ်) Grade-10ကျောင်းသူများကို နံနက် ၈ နာရီမှ မွန်းတည့် ၁၂ နာရီအထိ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း၊ (Grade-10)ကျောင်းသားများကို ဇူလိုင် ၂၂ ရက်တွင် အဆိုပါ စာသင်ချိန် =အတိုင်း ဆက်လက်ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး ဇူလိုင် ၂၆ ရက်အထိ ကျောင်းသူနှင့်ကျောင်းသား တစ်ရက်ခြားစီ ကျောင်းတက်ရမည် ဖြစ်ကြောင်းနှင့် အဆိုပါကျောင်း၌ ယနေ့စာသင်ခန်း(၁၃)ခန်းတွင်(Grade-10)ကျောင်းသား ကျောင်းသူ စုစုပေါင်း(၂၂၈)ဦး စတင်တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
စိုးမင်းဦး(ပြန်/ဆက်)


