ငရုတ်ကောင်းမြို့၌ ကုန်စည်ပို့ဆောင်ရေး ယာဉ်ရပ်နားစခန်း ယာယီပြောင်းရွှေ့ဖွင့်လှစ်

ငရုတ်ကောင်း၊  ၁၈   ဒီဇင်ဘာ

 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းကောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေး အနေဖြင့် ကုန်စည်ပို့ဆောင်ရေးယာဉ်များအား မြို့ပြင်၌ သတ်မှတ်ထားသော ယာဉ်ရပ်နားစခန်းအား ယမန်နေ့က ယာယီပြောင်းရွေ့ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

 

ကုန်စည်ပို့ဆောင်ရေးယာဉ်များမှ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်လာစေရေးအတွက် ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ယခင် သတ်မှတ်ထားသော ယာဉ်ရပ်နားစခန်းသည် မြို့ပေါ်နှင့်ကျေးရွားများသို့ ဖြတ်သန်းသွားလာသော လမ်းတွင် တည်ရှိနေ၍ ခရီးသွားပြည်သူများနှင့် ထိစပ်မှုလျော့နည်းစေရေးအတွက် မြို့ပြင်၌ကုန်စည် ပို့ဆောင်ရေးယာဉ်ရပ်နား စခန်းအား ယာယီပြောင်းရွှေ့ ဖွင့်လှစ်ပြီး ၎င်းယာဉ်ရပ်နားစခန်းမှ တစ်ဆင့်မြို့တွင်းနှင့် ကျေးရွာများသို့သုံးဘီးယာဉ် ၊ ထော်လာဂျီများနှင့် ကုန်စည်များအား စနစ်တကျ ပို့ဆောင်နိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ကြီးကြပ်ဆောင်ရွက်ကြကြောင်း သိရသည်။

 

ပြုံးမောင်မောင်(ပြန်/ဆက်)