ငပလီကမ်းခြေတွင် သင်္ကြန်အကြိုကာလ အပန်းဖြေအနားယူသူများဖြင့် စည်ကားလျက်ရှိ

သံတွဲ ၉ ဧပြီ 

 

ရခိုင်ပြည်နယ် သံတွဲခရိုင် ငပလီကမ်းခြေတွင် ဧပြီ ၇ ရက်က စတင်၍ အနယ်နယ် အရပ်ရပ်မှ ခရီးသွားပြည်သူများနှင့် ကမ္ဘာလှည့်ခရီးသွားဧည့်သည်များကမ်းခြေတွင် အပန်းဖြေအနားယူသူများဖြင့် စည်ကားလျက် ရှိကြောင်း သိရသည်။

 

ယခု ၂၀၁၈ ခုနှစ် ရခိုင်မဟာသင်္ကြန်ပွဲတော်ကို ဟိုတယ်လုပ်ငန်းရှင်များ အသင်းနှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ငပလီကမ်းခြေတွင် ရခိုင်ရိုးရာရေလောင်းမဏ္ဍပ်၊ ရခိုင်ဒေသထွက် ပစ္စည်းအရောင်းဆိုင်ခန်းများ၊ ရခိုင်ရိုးရာ အစားအသောက် အရောင်းဆိုင်ခန်းများ ဖွင့်လှစ်ကာ ငပလီကမ်းခြေ ခရီးသွား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်သဖြင့် ယခုလိုအပန်းဖြေ အနားယူသူများဖြင့် ကြိုတင်စည်ကားလျက်ရှိကြောင်း လုပ်ငန်းရှင် ဦးဝဏ္ဏ၏ ပြောကြားချက်အရ သိရှိရသည်။

 

နေမျိုးအောင်(ပြန်/ဆက်)