ငါန်းဇွန်မြို့၌ ဝါတွင်းကာလ ဓမ္မပူဇာသဘင်ကျင်းပ

ငါန်းဇွန်  ၁၄ စက်တင်ဘာ

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့ ရွေရပ်သာမြတ်စွာဘုရားဝင်းအတွင်းရှိ ပဋ္ဌာန်းဟောရွှေကျောင်း တော်ကြီး၌ ဝါတွင်းကာလ လပြည့်၊ လကွယ်နေ့တိုင်း ဓမ္မပူဇာသဘင်ကျင်းပရာ စက်တင်ဘာ ၁၃ ရက်နေ့ ည ၈နာရီက ခြောက်နှစ်မြောက် ယခုနှစ် ဝါတွင်းကာလ ခြောက်ကြိမ်မြောက် ဓမ္မပူဇာသဘင်ကျင်းပသည်။


ထိုသို့ ဝါတွင်းဓမ္မပူဇာသဘင်ပွဲကျင်းပရာတွင် မြို့ပေါ်ရပ်ကွက်အသီးသီးမှ ဒေသခံပြည်သူများသည် သီရိမင်္ဂလာကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဝါသေဋ္ဌထံတွင် နိဗ္ဗာန်ရောက်ကြောင်းတရားတော်များ နာယူကြည်ညိုကြပြီး လှူဘွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပူဇော်ကြကြောင်း သိရသည်။ 
       

MDN