ငါးနိုင်ငံလက်ဝှေ့စိန်ခေါ်ပွဲတွင် ရိုးရာလက်ဝှေ့ကျော် တူးတူး(မြန်မာ)က  တိုခဲရှီ(ဂျပန်)ကို အလဲထိုးဖြင့် အနိုင်ယူ

ရန်ကုန်  ၃   နို၀င်ဘာ

 

ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန၊ မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်မှ ကြီးမှူးပြီး MLWC မှ စီစဉ်သည့် အဌမအကြိမ် Air KBZ ရွှေအောင်လံ မြန်မာ့ရိုးရာ ငါးနိုင်ငံ လက်ဝှေ့စိန်ခေါ်ပွဲကြီးတွင် ရွှေခါးပတ်ချန်ပီယံ ရိုးရာလက်ဝှေ့ကျော် တူးတူး(မြန်မာ)၏ ခေါင်းတိုက်ချက်ဖြင့် လေးချီမြောက်တွင် တိုခဲရှီ ILFJ ချန်ပီယံ(ဂျပန်) ကို အလဲထိုးဖြင့် အနိုင်ရရှိခဲ့သည်။

 

a

 

 

 

လက်ဝှေ့စိန်ခေါ်ပွဲကြီးကို နို၀င်ဘာ ၃ ရက် မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ရှိ သိမ်ဖြိူလက် ဝှေ့အားကစားရုံတွင် ကျင်းပပြီး  ၇၁ ကီလိုတန်းတွင် မကျေပွဲနွဲခဲ့သည့် ရွှေခါးပတ် ချန်ပီယံနှင့် ဒဂုံအောင်လံဆုရှင် ရိုးရာလက်ဝှေ့ကျော် စိုးလင်းဦး(ဒို့ရိုးရာ) က ၂၀၁၇ ပြည်နယ်နှင့်တိုင်း ရွှေတံဆိပ်ဆုရှင် ရာမာဉ်(ရာဇဓိရာဇ်) ကို  သူတင် ကိုယ်တင် ထိုးသတ်ပြီး ရာမာဉ်သက်လုံကျလာမှုကို အခွင့်ကောင်းယူကာ ငါးချီမြောက်တွင်  အလဲထိုးဖြင့် ပွဲသိမ်းခဲ့သည်။

 

a

 

 

 

၆၃ ကီလိုတန်းတွင် Air KBZ ချန်ပီယံ စောဒါဝိတ် (တောင်ကလေး)နှင့် မွန်ပြည်နယ် အောင်လံဆု ရှင် နိုင်၀င်းထွန်း(ရာမညအားမာန်) တို့ ပူးတွဲသရေ၊ ၆၁ ကီလိုတန်းတွင် အရပ်တူညီပြီး သူတင်ကိုယ်တင် ထိုးသတ်ခဲ့သည့် သုံးထပ်ကွမ်း MLWC ချန်ပီယံ ရဲသွေးနီ(တောင်ကလေး) နှင့် ပြည်နယ်နှင့်တိုင်း ရွှေ တံဆိပ်ဆုရှင် အောက်ချင်းလေး(တောင်ဇလပ်) ပူးတွဲသရေကျခဲ့သည်။

 

 

a

 

 

၅၇ ကီလိုတန်းတွင် ရွှေခါးပတ်ချန်ပီယံ စောရွှေလေး (ဒို့ရိုးရာ) က မွေထိုင်းချန်ပီယံ ချက်ဂါဖန် (ထိုင်း) ကို ဒုတိယအချီတွင် အနိုင်ရရှိခဲ့ပြီး ၇၈ ကီလိုတန်းတွင် စောနီကိုး(ဂျာမန်၊ အင်ဂိုလာ၊ အီတလီ) (သ တ္တိကလပ်) က မှော်ဘီဇာမဏီ(သိုင်းပြောင်းပြန်) ကို အလဲထိုးဖြင့် အနိုင်ရရှိခဲ့သည်။

 

 

လေးချီမြောက် အမျိုးသမီးပွဲစဉ် ၅၇ ကီလိုတန်းတွင် မြန်မာပြည်ချန်ပီယံ ဘရောနီကာ(မြန်မာ) နှင့် IMTF မွေထိုင်းချန်ပီယံ မာရီယမ်(အီတလီ) တို့ ပူးတွဲသရေကျခဲ့သည်။

 

သတင်းနှင့်ဓာတ်ပုံ-အာကာစိုး