ငလျင်ရှေ့ပြေး အချက်အလက်များ လေ့လာရန် လျှပ်စစ်သံလိုက် ဂြိုဟ်တုကို တရုတ်လွှတ်တင်

ကျို့ချန်း ၃ ဖေဖေါ်ဝါရီ

 

တရုတ်နိုင်ငံဟာ မြေငလျင်ဆိုင်ရာ ရှေ့ပြေး သတင်းအချက်အလက်တွေကို လေ့လာဖို့ လျှပ်စစ်သံလိုက် ဂြိုဟ်တု တစ်စင်းကို ဖေဖေါ်ဝါရီ ၂ ရက်နေ့က လွှတ်တင်လိုုက်ကြောင်း သိရပါတယ်။ မြေပြင် ငလျင်တိုင်းတာရေး စခန်းတွေကို  သတင်းအချက်အလက်တွေ ပေးပို့ပြီး အနာဂတ်မှာ ကြိုတင်ခန့်မှန်းချက်တွေ ပြုလုပ်နိုင်ဖို့ ရည်ရွယ်လွှတ်တင်လိုက်တာဖြစ်ကြောင်း သိရပါတယ်။

 

၇၃၀ ကီလိုဂရမ် အလေးချိန်ရှိတဲ့ ဂြိုဟ်တုကို တရုတ်နိုင်ငံ အနောက်မြောက်ဘက် ကျို့ချန်းပြည်နယ် ဂိုဘီ သဲကန္တာရထဲရှိ ကျို့ချန်း ဂြိုဟ်တုလွှတ်တင်ရေး စင်တာကနေ Long March-2D အမည်ရှိ ဒုံးပျံနဲ့ လွှတ်တင်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါဂြိုဟ်တုကို စွမ်းရည်မြင့် ဒြပ်မှုန်တွေနဲ့ ionospheric plasma အကူအညီကြောင့် လျှပ်စစ်သံလိုက်စက်ကွင်း ထုတ်လွှင့်ပြီး သိပ္ပံပညာရှင်တွေကို အကူအညီပေးနိုင်ဖို့ မျှော်လင့်ကြောင်းနဲ့ ငါးနှစ်နီးပါး တာဝန်ထမ်းဆောင်နိုင်ဖို့ မျှော်လင့်ကြောင်း တရုတ်အမျိုးသား အာကာသသိပ္ပံ အုပ်ချုပ်ရေးအဖွဲ့ အကြီးတန်း အရာရှိ Zhao Jian က ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

 

ဂြိုဟ်တုဟာ တရုတ်နိုင်ငံအတွင်း ပြင်းအားအဆင့် ၆ နဲ့ ကမ္ဘာအနှံ့ ပြင်းအားအဆင့် ၇ အထက်ရှိတဲ့ မြေငလျင် သတင်းအချက်အလက်တွေကို မှတ်တမ်းတင်ထားနိုင်မှာဖြစ်ကြောင်း ဆင်ဟွာ သတင်းအရ သိရပါတယ်။

MDN