ငလျင်လှုပ်ခတ်မှုနှင့် နောက်ဆက်တွဲပြဿနာ

မေယု-မျိုးအောင် (MANA) 

မြန်မာနိုင်ငံအဖျားပိုင်း ကချင်ပြည်နယ် ပူတာ အိုအနီးမှစတင်ခဲ့ပြီး    မုတ္တမပင်လယ်ကွေ့အထိ မြောက်မှ တောင်အထိရှိနေသည့် စစ်ကိုင်းပြတ်ရွေ့ သည်  အဆိုးရွားဆုံး   ငလျင်ကြောကြီးတစ်ခုဖြစ် သည်။ စစ်ကိုင်းတိုင်းဒေသကြီး  ကလေးဝအနီး  တောင်မြောက်တန်းလျက်  တည်ရှိနေသည့် ကဘော် ပြတ်ရွေ့၊ ပြင်ဦးလွင်အနီးမှစတင်ပြီး တောင်ကြီး မြို့အနီး တောင်မြောက်တန်းလျက် တည်ရှိသည့် ကျောက်ကြမ်းပြတ်ရွေ့၊ ရှမ်းပြည်နယ်မြောက်ပိုင်း အရှေ့၊ အနောက်တန်းလျက် တည်ရှိနေသည့် မိုးမိတ် ပြတ်ရွေ့များသည် ငလျင်ကြောကြီးများဖြစ်သည်။ ငလျင်ပြတ်ရွေ့အသေး   ၄ဝ  ခန့်ရှိသောကြောင့် ငလျင်ဒဏ်ကို အချိန်မရွေးခံစားနိုင်သည်။ ငလျင် လှုပ်ခြင်းသည် မြေအောက်ရှိကျောက်များ ကျိုးပြတ် ရွေ့လျားမှုကြောင့်    မြေသားထု   ရုတ်တရက် လျင်မြန်စွာ   တုန်ခါရာမှ   ငလျင်လှုပ်ခြင်းဖြစ်ပြီး မြေသားထုစတင်တုန်ခါသည့်နေရာကို ငလျင်ဗဟို ချက်ဟု ငလျင်ပညာရှင်များက သတ်မှတ်ထားသည်။ မြေသားထုအတွင်းရှိ  ပြတ်ရွေ့များတစ်လျှောက် အထက်နှင့်အောက်(သို့) ဘေးတိုက်ကျိုးပြတ်ရွေ့လျားမှုကြောင့်  ငလျင်အငယ်စားများ ဖြစ်ပေါ်နိုင် သည်။ သမုဒ္ဒရာအောက်ကြမ်းခင်းပြင် မြေသားထုရှိ ပြတ်ရွေ့သည် အထက် (သို့) အောက်သို့ ကျိုးပြတ် ပြီး ငလျင်ကြီးများလှုပ်ပါက ဆူနာမီလှိုင်းကြီးများဖြစ်ပေါ်ကြောင်း သိရသည်။ 

ကမ္ဘာတစ်ဝန်းတွင်      ဖြစ်ပေါ်လေ့ရှိသော သဘာဝဘေးအန္တရာယ်အမျိုးမျိုးကြောင့်  လူသေ ဆုံးမှုများအနက်   ငလျင်ကြောင့်   သေဆုံးမှုက အများဆုံးဖြစ်ပြီး     မုန်တိုင်းဘေးနှင့် ရေဘေးတို့ ကြောင့် သေဆုံးမှုက ဒုတိယနှင့် တတိယအများဆုံး ဖြစ်သည်။ အင်အားပြင်းငလျင်များ  ဖြစ်ပွားပါက ပျက်စီးဆုံးရှုံးမှု   ကြီးမားနိုင်ပြီး  နောက်ဆက်တွဲ ငလျင်ငယ်များလှုပ်ခြင်း     ရေကာတာကြီးများ ကျိုးပျက်၍ ရေလွှမ်းခြင်း၊ တောင်ပြိုခြင်း၊ မြေပြို ခြင်း၊ လျှပ်စစ်ကြိုးများ ပူးကပ်သွားခြင်းကြောင့် လျှပ်စစ်မီးပွားမှတစ်ဆင့် မီးလောင်ခြင်း၊ လောင်စာ ဆီဓာတ်ငွေ့ပိုက်များ ထိခိုက်ပျက်စီးရာမှတစ်ဆင့် မီးလောင်ကျွမ်းခြင်း စသည့် နောက်ဆက်တွဲဆိုးကျိုး များ  ဖြစ်ပေါ်စေနိုင်သည်။  မြန်မာနိုင်ငံတစ်ဝန်း၌ ငလျင်လှုပ်ခတ်မှုအသေးစားများ ခပ်စိပ်စိပ်ဖြစ်ပေါ် လျက်ရှိရာ ထိုကဲ့သို့ မကြာခဏ ငလျင်လှုပ်မှုရှိနေ ခြင်းသည် အင်အားပြင်းငလျင်ကို သတိမူလာစေရန် အချက်ပြနေခြင်းဖြစ်ကြောင်း  ငလျင်ပညာရှင်များ က သုံးသပ်ကြသည်။ မှတ်တမ်းများအရ မြန်မာ နိုင်ငံ၌ ၂၀၁၆ ခုနှစ်တွင် မြေငလျင်လှုပ်ခတ်မှု ၄၂ ကြိမ်၊ ၂၀၁၅ ခုနှစ်တွင် အကြိမ် ၇ဝ၊ ၂၀၁၈ ခုနှစ်တွင် အကြိမ် ၁၅၀  ကျော်နှင့်  ၂၀၁၉ ခုနှစ်အတွင်း အကြိမ်ရေ ၁၄ဝ ကျော်ရှိခဲ့ကြောင်း သိရသည်။

တစ်ရက်တည်းတွင် ငလျင်နှစ်ကြိမ် လှုပ်ခတ်ခဲ့

၂၀၂၂ ခုနှစ် ဇူလိုင်လ ၅ ရက်နေ့ မြန်မာစံတော် ချိန် ၇ နာရီ ၃၉ မိနစ် ၃ စက္ကန့်အချိန်တွင် ကမ္ဘာ အေးမြေငလျင်စခန်းမှ အနောက်-အနောက်တောင် ဘက် နှစ်မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း  ရန်ကုန်မြို့ (လှိုင်မြို့နယ်)၏ အရှေ့မြောက်ဘက် တစ်မိုင်ခန့်အကွာ မြောက်လတ္တီတွဒ် ၁၆ ဒသမ ၈၆ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒသမ ၁၃ ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်ခ်ျ တာစကေးသုံးအဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ခဲ့ သည်။ ငလျင်ကို ရန်ကုန်မြို့နေပြည်သူများ သိသိ သာသာ ခံစားခဲ့ကြရသည်။ ဇွန်လ ၁ ရက်နေ့မှ ဇွန်လ  ၅ ရက်နေ့အတွင်း   နိုင်ငံတစ်ဝန်း  ငလျင် ငါးကြိမ်အထိ လှုပ်ခတ်ခဲ့ပြီး တစ်ရက်တည်းတွင် ငလျင်နှစ်ကြိမ် လှုပ်ခတ်ခဲ့သည့်ဖြစ်စဉ်များလည်း ရှိခဲ့သည်။ 

မြန်မာနိုင်ငံသည် အခြားနိုင်ငံများနှင့် နှိုင်းယှဉ် ပါက ငလျင်နှင့်ပတ်သက်၍ ကြီးမားသော ထိခိုက် ပျက်စီးဆုံးရှုံးမှု နည်းပါးသော်လည်း နှစ်အလိုက် ငလျင်ဒဏ်ခံရမှုပမာဏ တဖြည်းဖြည်းတိုးပွားလာ သည်ကို တွေ့မြင်ကြရမည်ဖြစ်သည်။ မြန်မာနိုင်ငံ တွင် လှုပ်သောငလျင်အကြိမ်များကို လေ့လာကြည့် ပါက မြောက်ပိုင်းသည် တောင်ပိုင်းထက် ပို၍လှုပ် သည်ကိုတွေ့ရသည်။ လေ့လာမှုများအရ  မြောက် ပိုင်းတွင် ငလျင်များသည် ၇၀ ရာခိုင်နှုန်း အထက် တွင်ရှိပြီး တောင်ပိုင်းသည် ၃၀ ရာခိုင်နှုန်းဝန်းကျင် ဖြစ်သည်။ 

မြောက်ပိုင်း၌လှုပ်သော ငလျင်အားလုံး၏ ၈၅ ရာခိုင်နှုန်းသည်   ရစ်ခ်ျတာစကေးပမာဏ  ငါး အထက်ရောက်သည်အထိ ပြင်းထန်လေ့ရှိကြောင်း သိရသည်။ ရန်ကုန်၊ ပဲခူး၊ သန်လျင်ဒေသများတွင် ငလျင်အကြီး၊ အသေး လှုပ်ခတ်ခဲ့ဖူးသည့် မှတ်တမ်း များရှိခဲ့သည်။ လက်ရှိတွင်လည်း ရန်ကုန်နှင့် အနီး တစ်ဝိုက်သည် ငလျင်အန္တရာယ်ကျရောက်နိုင်ခြေရှိကြောင်း  ငလျင်ပညာရှင်များက  ခန့်မှန်းထား သည်။ ငလျင်ဘေးသည်  ကြိုတင်ခန့်မှန်းနိုင်ရန် ခက်ခဲသည့် သဘာဝဘေးအန္တရာယ်ဖြစ်သော်လည်း ထိခိုက်ဆုံးရှုံးမှု အနည်းဆုံးဖြစ်စေရေးနှင့် ပျက်စီး ဆုံးရှုံးမှု လျော့ပါးသက်သာစေရေးမှာ အရေးကြီး သည့် အချက်များဖြစ်သည်။ သက်ဆိုင်ရာကလည်း ငလျင်ဘေးအန္တရာယ်နှင့်ပတ်သက်သည့် လိုက်နာ ဆောင်ရွက်ရမည့်အချက်များကို ထုတ်ပြန်ထားပြီး ဖြစ်သည်။

အနီးကပ်ဆုံး အင်အားပြင်းငလျင် လှုပ်ခတ်မှုများ

လူဦးရေထူထပ်ပြီး မြို့ပြဖြစ်ထွန်းမှု မြန်ဆန် နေသည့် ရန်ကုန်၊ မန္တလေး၊ ပဲခူးနှင့် နေပြည်တော် စသောမြို့ကြီးများသည်  ငလျင်ကြောပေါ်တွင် တည်ရှိပြီး အင်အားလတ်ဇုန်နှင့် အင်အားပြင်းဇုန် များအတွင်း ကျရောက်လျက်ရှိသဖြင့် ငလျင်ဘေး အတွက် အသိပညာပေးလုပ်ငန်းများ၊ ဇာတ်တိုက် လေ့ကျင့်မှုများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက် ရန်လိုအပ်ကြောင်း ပညာရှင်များက ထောက်ပြထား သည်။ ပြည်တွင်းနေရာများကို  ဗဟိုပြုလှုပ်ခတ် ခဲ့သည့်    မြေငလျင်လှုပ်ခတ်မှု အကြိမ်အရေအတွက် ၁၁၂ ကြိမ်သာ ရှိခဲ့သော်လည်း ၂၀၁၈ ခုနှစ်တွင်မူ ပြည်တွင်းနေရာများကို   ဗဟိုပြုလှုပ်ခတ်ခဲ့သည့် မြေငလျင် အကြိမ်အရေအတွက် ၁၅ဝ ကျော်ရှိခဲ့ သည်။ ၂၀၁၈ ခုနှစ် ဇန်နဝါရီလအတွင်းက ဖြူးမြို့ နယ်အနီးတွင် ဗဟိုပြုလှုပ်ခတ်ခဲ့သည့် အင်အား ရစ်ခ်ျတာစကေး ၆ ဒသမ သုည အဆင့်ရှိ ငလျင်မှာ အင်အားအများဆုံး     မြေငလျင်တစ်ခုဖြစ်ခဲ့သည်။ မြန်မာနိုင်ငံတွင် အနီးကပ်ဆုံး အင်အားပြင်းငလျင် လှုပ်ခတ်မှုများအနေဖြင့် ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ် တွင် ပုဂံနှင့် တိုက်ကြီးမြို့များ၌ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် အင်အားပြင်းမြေငလျင်လှုပ်ခတ်မှု များရှိခဲ့သည်။ 

သမိုင်းတစ်လျှောက်၌ ၁၉၃ဝ ပြည့်နှစ်တွင် ပဲခူးမြို့နှင့် ရန်ကုန်မြို့တွင် လူ ၅၅ဝ ကျော် သေဆုံး ခဲ့သည့် အင်အားရစ်ခ်ျတာစကေး ၇ ဒသမ သုည အဆင့်ရှိ  မြေငလျင်များလှုပ်ခတ်ခဲ့ဖူးပြီး  ၂၀၁၁ ခုနှစ်တွင်  ရှမ်းပြည်နယ်  အရှေ့ပိုင်း၌  လူ ၈ဝ သေဆုံးခဲ့သည့် အင်အားရစ်ခ်ျတာစကေး ၆ ဒသမ ၈ အဆင့်ရှိ မြေငလျင်၊ ၂၀၁၂ ခုနှစ်တွင် မန္တလေးမြို့၏ မြောက်ဘက် ကီလိုမီတာ  ၁ဝဝ  အကွာတွင် လှုပ်ခတ် ခဲ့သည့်  လူ ၂၆ ဦး သေဆုံးခဲ့သော အင်အားရစ်ခ်ျတာ စကေး ၆ ဒသမ ၈ အဆင့်ရှိ မြေငလျင်များဖြစ်ပေါ် လှုပ်ခတ်ခဲ့သည်။ မြန်မာနိုင်ငံသည် စစ်ကိုင်းပြတ် ရွေ့၊  ကျောက်ကြမ်းပြတ်ရွေ့၊    ကုလားတန်ပြတ်ရွေ့၊ ကဘော်ပြတ်ရွေ့များကဲ့သို့    အင်အားပြင်းငလျင် လှုပ်ခတ်စေသည့် ပြတ်ရွေ့ကြောကြီးများပေါ်တွင် တည်ရှိနေပြီး  အင်အားရစ်ခ်ျတာစကေး  ၆  နှင့် အထက် လှုပ်ခတ်နိုင်သည့် ငလျင်ကြောကြီးငါးခု နှင့် ရစ်ချ်တာစကေး ၂ မှ ၅ အထိ လှုပ်ခတ်တတ်သည့် မြေငလျင်ကြော  ၄ဝ  ခန့်ရှိနေခြင်းကြောင့်  မြေ ငလျင်အန္တရာယ်အတွက် ကြိုတင်ပြင်ဆင်မှုများစွာ ပြုလုပ်ထားရန်   လိုအပ်သည့်  နိုင်ငံတစ်ခုဟုပင် မှတ်ယူရမည်ဖြစ်သည်။ ငလျင်ဒဏ်၏ နောက်ဆက် တွဲ      ဆိုးကျိုးများသည်     မခန့်မှန်းနိုင်အောင်ပင် ကြီးမားသည့်အတွက်   သဘာဝဘေးအန္တရာယ်များ အတွက် ကြိုတင်စီမံထားသင့်သည်။

ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံသည် မြေငလျင် အန္တရာယ် အကြီးမားဆုံးနိုင်ငံများစာရင်းတွင် ပါဝင် နေပြီး ပမာဏကြီးမားသည့် အဓိက မြေငလျင်ကြော ကြီးငါးခုရှိသည်။ မကြာခဏလှုပ်ရှားနေသည့်  ပြတ်  ရွေ့ကြောများစွာရှိနေကြောင်း   သိရသည်။ ငလျင် လှုပ်ခတ်ပါက  အင်အားရစ်ခ်ျတာစကေး ၁ မှ ၄ ဒသမ ၉ အထိ လှုပ်ခတ်ပါက အနည်းငယ်လှုပ်ခတ် ခြင်းဖြစ်ကာ ရစ်ခ်ျတာစကေး ၅ မှ ၅ ဒသမ ၉ အထိ လှုပ်ခတ်မှုသည် အင်အားအသင့်အတင့်နှင့် ပျက်စီး မှုအနည်းငယ်ရှိနိုင်ပြီး   ရစ်ချ်တာစကေး  ၆   မှ  ၇ ဒသမ ၅ အထိလှုပ်ခတ်ပါက အင်အားပြင်းအဆင့်  သတ်မှတ်ပြီး အပျက်အစီးများကာ ရစ်ခ်ျတာစကေး ၇ ဒသမ ၆ နှင့်အထက် လှုပ်ခတ်သော ငလျင်ကို အားအလွန်ပြင်းအဖြစ်သတ်မှတ်ပြီး  ကြီးမားသော  ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားနိုင်ပြီး မြန်မာနိုင်ငံတွင် ၇ ဒသမ ၅ အဆင့်ရှိ အားပြင်းငလျင်အထိ လှုပ်ခတ် ခဲ့သည်။ 

စစ်ကိုင်းပြတ်ရွေ့နှင့် ငလျင်ပြတ်ရွေ့ကြောငယ် များတည်ရှိနေသည့်   မြန်မာနိုင်ငံသည်  ငလျင် ဘေးအန္တရာယ်ရှိသည့်     နိုင်ငံတစ်နိုင်ငံဖြစ်၍ သက်ဆိုင်ရာကလည်း   ငလျင်ဘေးအန္တရာယ်နှင့် ပတ်သက်သည့် လိုက်နာဆောင်ရွက်ရမည့် အချက် များကို ထုတ်ပြန်ထားပြီးဖြစ်သည်။ ငလျင်ဘေးကို အထူးသတိပြုကြရန် လိုအပ်သကဲ့သို့ ငလျင်ဒဏ်ခံ နိုင်သည့် အဆောက်အအုံများ ဆောက်လုပ်ပေးခြင်း၊ ငလျင်လှုပ်ခတ်ပါက  အများပြည်သူတို့  ကြိုတင် စုဝေးနိုင်သည့် နေရာများကို ကြိုတင်ပြင်ဆင်ထား ခြင်း၊ ငလျင်နှင့်စပ်လျဉ်းသည့် အသိပညာပေးမှုများ ကို ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ခြင်းနှင့် ဇာတ်တိုက် လေ့ကျင့်ခြင်း အထိတ်တလန့်ဖြစ်စေသည့် သတင်း မှားများ ဖြန့်ချိမှုများကိုစိစစ်ကာ သတင်းမှန်ကန် အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ခြင်းတို့ကို အလေး ထားလုပ်ဆောင်ရန် လိုအပ်သည်။ ရန်ကုန်မြို့တွင် ၁၉၈၈ ခုနှစ်မှ ၁၉၉ဝ ပြည့်နှစ်ကြား တည်ဆောက်ခဲ့ သည့် အဆောက်အအုံများသည် အရည်အသွေးစံချိန် မမီဘဲ ငလျင်အန္တရာယ်အတွက် ကြံ့ခိုင်မှုစိတ်မချရ ကြောင်း အင်ဂျင်နီယာနှင့်ဘူမိဗေဒပညာရှင်များက မကြာခဏ အသိပေးနေခဲ့ကြသည်။

ကမ္ဘာ့ငလျင်ကြောကြီးနှစ်ခု

မြန်မာနိုင်ငံတွင်လည်း   မကြာခဏဆိုသလို ငလျင်ဘေးများ၏ လှုပ်ခတ်မှုကို နေရာအနှံ့အပြား၌ ခံစားနေရသည်။ စစ်ကိုင်းပြတ်ရွေ့သည်   အချိန် မရွေး  အင်အားပြင်းငလျင်  လှုပ်ရှားနိုင်ကြောင်း ဘူမိဗေဒပညာရှင်များက သတိပေးထားပြီးဖြစ်ရာ သက်ဆိုင်ရာဒေသရှိ ပြည်သူများအနေဖြင့် ငလျင် ဘေးကို အလေးထားသတိပြုကြရန် လိုအပ်သည်။ ငလျင်သည် ယခင်လှုပ်ခတ်ခဲ့သည့် ပုံစံနှင့် သိသိ သာသာကွဲပြားပြီး   လှုပ်ရှားမှုအလွန်ပြင်းထန်ခဲ့ သည်။ ကမ္ဘာ့ငလျင်ကြောကြီးနှစ်ခုအနက် တစ်ခုမှာ မြစ်ကြီးနားမြို့မှ စတင်ခြင်းဖြစ်ပြီး စစ်ကိုင်း၊ ဂန့်ဂေါ တောင်တန်းများနှင့် ပဲခူးရိုးမအရှေ့ဘက်ခြမ်းကို ဖြတ်ကာ  မုတ္တမပင်လယ်ကွေ့အထိ  ကီလိုမီတာ ၁ဝဝဝ ခန့်ရှည်လျား၍ အပိုင်း (၁)မှာ ပူတာအိုမှ အင်းတော်ကြီး၊ အပိုင်း (၂)မှာ တကောင်းမှ စစ်ကိုင်း၊ အပိုင်း (၃)မှာ သာစည်မှ ပျဉ်းမနား၊ အပိုင်း (၄)မှာ တောင်ငူမှ ပဲခူးနှင့် အပိုင်း (၅)မှာ ပဲခူးမှ မုတ္တမ ပင်လယ်ကွေ့အထိဖြစ်ပြီး ဘူမိဗေဒပညာရှင်များ လေ့လာချက်အရ တစ်နှစ်လျှင် ပျမ်းမျှ ၁၈ ဒသမ ၅   မီလီမီတာခန့်   ရွေ့လျားနေကြောင်း  သိရ    သည်။ 

မြေငလျင်ကို ကြိုတင်ခန့်မှန်းမှုများ မပြုလုပ် နိုင်သော်လည်း  ကြိုတင်ကာကွယ်မှုများပြုလုပ် ထားခြင်းဖြင့် ငလျင်ဘေးအန္တရာယ်ကို ထိုက်သင့် သလောက် လျော့ပါးသက်သာစေနိုင်သည်။ ငလျင် ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရာတွင်   အရေး အကြီးဆုံးနှင့်  အခက်အခဲဆုံးမှာ   ငလျင်ဒဏ်ခံ အဆောက်အအုံများ ဆောက်လုပ်ခြင်းဖြစ်သည်။ ငလျင်လှုပ်သည့်အခါတွင် အဆောက်အအုံများပြိုကျ ပြီး လူများသေဆုံးနိုင်သောကြောင့် အဆောက်အအုံ များတွင်  ငလျင်ဒဏ်ခံနိုင်အောင်ဆောက်ရန်လို သည်။    အထပ်မြင့်အဆောက်အအုံများရှိသော မြို့ကြီး များတွင် ဆောက်လုပ်ပြီးနှင့် ဆောက်လုပ်ဆဲ အဆောက်အအုံများကို ငလျင်ဒဏ်ခံနိုင်ရည်ရှိ၊ မရှိ စစ်ဆေးပြီး မွမ်းမံပြင်ဆင်သင့်သည်များ၊ ဖျက်သိမ်း ပစ်သင့်သည်များကို စနစ်တကျစစ်ဆေးကာ တိတိ ကျကျ ဆောင်ရွက်ရန်လိုသည်။ မျက်မှောက်ကာလ တွင် ငလျင်နှင့် ဆူနာမီဘေးသည် ကမ္ဘာပေါ်တွင် အဖျက်စွမ်းအားအကြီးမားဆုံး ဘေးအန္တရာယ်များ ဖြစ်သည်။ ကမ္ဘာတစ်ဝန်းတွင် ဖြစ်ပေါ်လေ့ရှိသော သဘာဝဘေးအန္တရာယ် အမျိုးမျိုးကြောင့် လူသေ ဆုံးမှုများအနက်   ငလျင်ကြောင့်   သေဆုံးမှုက အများဆုံးဖြစ်ပြီး  မုန်တိုင်းဘေးနှင့်  ရေဘေးတို့ ကြောင့် သေဆုံးမှုက ဒုတိယနှင့် တတိယအများဆုံး ဖြစ်သည်။ ပြည်သူတို့အနေဖြင့်   ငလျင်ဘေးကို အထူးသတိပြုကြရန် လိုအပ်သကဲ့သို့ တာဝန်ရှိသူ များအနေဖြင့်လည်း ငလျင်ဘေးဆိုင်ရာ အသိပညာ ပေးမှုများကို ကျယ်ကျယ်ပြန့်ပြန့်ပြုလုပ်၍ ဇာတ် တိုက်လေ့ကျင့်ခြင်း၊ အချိန်နှင့်တစ်ပြေးညီ သတင်း ထုတ်ပြန်ခြင်းတို့ကို အလေးထားလုပ်ဆောင်ရန်လို အပ်ပါကြောင်း       တိုက်တွန်းရေးသားလိုက်ရပါ  သည်။        ။