ငလျင်ဒဏ်ကြောင့် ပြိုကြခဲ့သော နှစ်ပေါင်း ၁၁၈ နှစ်ရှိ ရှေးဟောင်းလောကမာန်အောင် စေတီတော်အား မူလပုံစံအတိုင်း အသစ်ပြန်လည်တည်ထားမည်

ရေနံချောင်း ၁၅ ဇန်နဝါရီ 


ရေနံချောင်းမြို့၌ ၂၀၁၆ ခုနှစ် သြဂုတ်လ ၂၄ ရက်နှင့် ၂၀၁၇ ခုနှစ် အောက်တိုဘာ ၁၀ ရက်က လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် ပြိုကျခဲ့သည့် မြို့မမြောက်ရပ်ကွက်၊ ရွှေမင်းဝန်ကျောင်းတိုက် အတွင်းရှိ လောကမာန်အောင် စေတီတော်အား မူလပုံစံအတိုင်း အသစ်ပြန်လည် တည်ထားကိုးကွယ်မည်ကြောင်း မိုးကောင်းကျောင်း တိုက် ဆရာတော် ဦးသာသနက မိန့်ကြားသည်။


''စေတီတော်အသစ် တည်ထားဖို့ ပြိုကျနေတဲ့အုတ်တွေ ရှင်းတဲ့နေရာက မူလစေတီတော်ထဲမှ ဌာပနာဖြစ်တဲ့ သတ္တဌာနတွေ တွေ့ပါတယ်။ ဒီဌာပနာတွေကို အသစ်ပြန်လည်တည်ထားမယ့် စေတီတော်ထဲမှာ ပြန်လည် ဌာပနာ သွားပါမယ်။ ရှေ့ဟောင်းသုတေသန(ငြိမ်း) ဒုညွှန်ချုပ်ဦးအောင်ကြိုင်က ပါဝင်ကူညီမယ်လို့လည်း ပြောပါတယ်။ စေတီတော်အသစ် တည်ထားတဲ့နေရာမှာ အတတ်နိုင်ဆုံး ရှေးမူမပျက် ယခင်အတိုင်း တည်ထားဖို့နဲ့ တစ်ဦးတည်းကုသိုလ်ရှင်ထက် အများစုပေါင်းကုသိုလ်ဖြင့် တည်ထားဖို့ ရေနံချောင်းမြို့ အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့ တံဆိပ်တော်ရ ရွှေတောင်ပါဋိတက္ကသိုလ် ကျောင်းတိုက်ဆရာတော်ကြီးက သြဝါဒပေးထားပါတယ်''ဟု ဆရာ တော် ဦးသာသနက မိန့်ကြားသည်။ 


အဆိုပါစေတီတော်အား ရေနံချောင်းမြို့နေ ဘုရားဒါယကာဦးဘိုးရာဇာနှင့် ဇနီးဒေါ်နှစ်တို့မှ တည်ထားခဲ့ပြီး နှစ်ပေါင်း ၁၁၈ နှစ်ကျော်ရှိသည့် ရှေးဟောင်းစေတီတစ်ဆူဖြစ်ကြောင်း သမိုင်းမှတ်တမ်းများအရ သိရသည်။


ကိုစိုးကြီးပြန်/ဆက်

 

ာိည