ငွေဆောင်ကမ်းခြေတွင် ခရီးသွား ဧည့်သည်ဝင်ရောက်မှု ယခင်နှစ်ကထက် ပိုမိုများပြား

ငွေဆောင် ၅ နိုဝင်ဘာ

 

ဧရာဝတီတိုင်းဒေသကြီးရှိငွေဆောင်ကမ်းခြေသည် ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များ အထူး စိတ်ဝင် စားသော နေရာတစ်ခုဖြစ်၍ လာရောက်အပန်းဖြေကြသော ခရီးသွားဧည့်သည်များ ဝင်ရောက်မှုမှာ ယခင်နှစ်ကထက် ပိုမိုမျာပြားလျက်ရှိကြောင်း သိရသည်။

 

ငွေဆောင်ကမ်းခြေတွင် ခရီးသည်ဝင်ရောက်မှုမှာ၂၀၁၈ဇန်နဝါရီလမှ အောက်တိုဘာလအထိ တစ်သိန်သုံးသောင်းလေးထောင် ကျော်ဖြစ်ပြီး ယခုနှစ်၂၀၁၉တွင် ဇန်နဝါရီလမှ အောက်တိုဘာလ အထိ တစ်သိန်းခုနှစ်သောင်းခြောက်ထောင်ကျော်ဝင်ရောက်မှုရှိ၍ ယခင်နှစ်ကထက် လေးသောင်း ကျော် ပိုမိုဝင်ရောက်ခဲ့ပြီး တိုးတက်မှုမှာ (၃၁)ရာခိုင်နှုန်းခန့်ရှိကြောင်း ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာန ငွေဆောင်ရုံးတာဝန်ခံလက်ထောက်ညွှန်ကြားရေးမှူးဦးစိုးဝင်းထံမှ သိရ သည်။

 

မူမူ(ပြန်/ဆက်)