ငွေဆောင်ကမ်းခြေ၌ နှစ်သစ်ကြိုသူများဖြင့် စည်ကားခဲ့

ငွေဆောင် ဇန်နဝါရီ ၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်ကမ်းခြေတွင် လာရောက်အပန်းဖြေရင်း ၂၀၂၂ နှစ်သစ်ကို ကြိုဆိုသူများဖြင့် ဒီဇင်ဘာ ၃၁ရက် ညက စည်ကားခဲ့သည်။

ခရစ္စမတ်ရုံးပိတ်ရက်ကာလတွင် လာရောက်လည်ပတ်ကြသည့် ဧည့်သည်ဝင်ရောက်မှုထက် ဒီဇင်ဘာ ၃၁ ရက်တွင် လာရောက်ကြသည့် ခရီးသွားဧည်သည်များ ဝင်ရောက်မှုမှာ ပိုမိုများပြားကြောင်း၊ ကမ်းခြေကို အမှီပြု၍ စီးပွားရှာနေကြသည့် ဒေသခံပြည်သူများမှာလည်း ဝင်ငွေကောင်းမွန် လျက်ရှိကြောင်း ကမ်းခြေလုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦး၏ ပြောပြချက်အရ သိရသည်။

ငွေဆောင်ကမ်းခြေအနီး ဝန်းကျင်ရှိ မြွေကျွန်း၊ ချစ်သူများကျွန်း၊ ငှက်ကျွန်း၊ ကျွန်းလျားရှည်၊ ဆင်မကျွန်းနှင့် ဘုရားသုံးဆူ၊ မိုးမခဆင်စခန်းများတွင်လည်း လာရောက်လည်ပတ်ကြသူ များပြားခဲ့ သိရသည်။

အဏ္ဏဝါမောင်(ပုသိမ်)