နွေရာသီသောက်သုံးရေ ပြက်လပ်မှုဖြစ်ပေါ်ပါက ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသို့ ဆက်သွယ်ပြောကြားနိုင်

ရန်ကုန် ၁၀ မတ် 

 

နွေရာသီသောက်သုံးရေ ပြက်လပ်မှုဖြစ်ပေါ်ပါက ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနသို့ ဆက်သွယ်သတင်းပေးပို့နိုင်ကြောင်း အဆိုပါဌာနမှ နှိုးဆော်ထားသည်။

 

 “ရေရှားပါးတဲ့ဒေသတွေကို မှန်းထားတာတော့ရှိတယ်။ လောလောဆယ်တော့ မရှားသေးပါဘူး။ ဒီနှစ်က တကယ်တော့ မရှားသေးပါဘူး။ ကြိုတင်ပြီး ခန့်မှန်းထား တာတော့ရှိပါတယ်။ အဓိကက Dry zone နေရာ၊ ဧရာဝတီတိုင်း၊ ပဲခူး၊ မန္တလေး၊ အဓိက မြေသားရေကန်တွေက မိုးရာသီကနည်းတယ်။ နေပူတဲ့အခေါ အငွေ့ပျံတော့ ဖြစ်နိုင်တာပေါ့။ ဒါပေမယ့် ကျွန်တော်တို့က ကြိုပြီးလုပ်ထားပြီးပါပြီ။ ဒီနေ့ ကယားပြည်နယ် ဒီးမာ့ဆိုထင်တယ် အဲဒီတစ်ရွာဝေရတယ်လို့ သတင်းရတယ်၊ မနှစ်က နဲ့စာရင် မနှစ်က ရွာ ၃၀၀ လောက်ဝေရတယ်။ ဒီနှစ်က မဝေရသေးဘူး။ ၃၀၀ အောက်နည်းမယ်လို့ထင်တာပဲ၊ အဲဒီမှာ ရေဝေရတယ်။ မီးသတ်ကကားတွေ၊ ဌာနက ကားတွေရော ရှိပါတယ်” ဟု ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က ပြောသည်။ 

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ခရိုင်ရုံး ၆၆ ရုံးနှင့် မြို့နယ်ရုံး ၂၈၀ ကျော်ရှိပြီး၊ ဝန်ကြီးဌာနတွင်း ဌာနများနှင့် အခြားဆက်စပ်ဌာနများဖြစ်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

 

သောက်သုံးရေအခက်အခဲရှိပါ သတင်းပေးပို့နိုင်ရန်နှင့် လှူဒါန်းနိုင်ရန် Hot Line ဖုန်းနံပါတ်များဖြစ်သည့် ညွှန်ကြားရေးမှူးချုပ် ၀၉၅၀၈၈၉၉၊ ၀၆၇-၃၄၁၈၆၀၂၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ၀၉၄၂၈၃၀၀၇၆၆၊ ညွှန်ကြားရေးမှူး ၀၉၄၄၂၀၇၆၂၄၄၊ ၀၆၇၃၄၁၈၆၅၁၊ ၀၆၇-၃၄၁၈၆၃၁၊ ၀၆၇-၃၄၁၈၆၅၅၊ စိုက်ပျိုးရေးဦးစီးဌာန ၀၁-၂၃၉၉၅၅၅၊ ၀၆၇-၃၄၁၀၁၃၉ တို့သို့ ဆက်သွယ်အကြောင်းကြားနိုင်သည်။
 


သန့်ဇင်ဝင်း