နွေရာသီရေအခက်အခဲရှိသော မြိတ်မြို့နယ်အတွင်းရှိ ကျေးရွာ ၇ ရွာ၌ ရေရရှိရေး လုပ်ငန်းများ ဆောင်ရွက်ပေး

မြိတ် ၅  ဧပြီ

 

နွေရာသီ ရေအခက်အခဲကြုံတွေ့ရသည့် ကျေးရွာများ၌ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဉီးစီးဌာန၏ ခွင့်ပြုရန်ပုံငွေကျပ်(၁၄၁ဒသမ ၈၈)သန်းဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်အတွင်းရှိကျေးရွာ ပေါင်း(၇)ရွာတို့တွင် သန့်ရှင်းသောသောက်သုံးရေ ရရှိရေး လုပ်ငန်း(၇)ခုတို့အား ဆောင်ရွက်ပေးလျှက်ရှိကြောင်း မြို့နယ်ဉီးစီးမှူး ဉီးကျော်ဝင်းနိုင်၏ ပြောပြချက်အရ သိရသည်။

 

179

 

နှစ်စဉ် သောက်သုံးရေ အခက်အခဲကြုံတွေ့နေရသည့် မြိတ်မြို့နယ် မရမ်းပင်ချောင်းကျေးရွာတွင် ကျေးလက် ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ရေတားတမံ၊ ရေဂါလန်(၅၀ဝ၀)ဆံ့ အုတ်ရေကန် (၁)လုံး နှင့် အရှည်(၃/ဝ)မိုင် စိမ့်စမ်းရေသွယ်တန်းခြင်း လုပ်ငန်းကို ငွေကျပ် ( ၂၈ ဒသမ ၇၈ )သန်းဖြင့် လည်းကောင်း၊ မွေ့ရှောင်ကျေးရွာတွင် ရေတားတမံ၊ ရေဂါလန်(၅၀ဝ၀)ဆံ့ အုတ်ရေကန် (၁) လုံးနှင့် အရှည်(၁/ဝ)မိုင်စိမ့်စမ်းရေသွယ်တန်းခြင်း လုပ်ငန်းကိုငွေကျပ်( ၁၃ ဒသမ ၅၆ )သန်းဖြင့် လည်းကောင်း၊ တပ်တောင်ကျေးရွာတွင်ရေတားတမံ၊ ရေဂါလန်(၅၀ဝ၀)ဆံ့ အုတ်ရေကန်(၁)လုံး နှင့်အရှည် (၂/ဝ)မိုင် စိမ့်စမ်းရေသွယ်တန်းခြင်း လုပ်ငန်းကို ငွေကျပ်( ၂၃ ဒသမ ၇၆ )သန်းဖြင့် လည်းကောင်း၊ ရေမြစ်ကြီးကျေးရွာတွင် ရေတားတမံ၊ ရေဂါလန် (၅၀ဝ၀)ဆံ့ အုတ်ရေကန် (၁)လုံးနှင့် အရှည်(၂/ဝ)မိုင် စိမ့်စမ်းရေသွယ်တန်းခြင်း လုပ်ငန်းကို ငွေကျပ်( ၂၃ ဒသမ ၉၀ )သန်းဖြင့် လည်းကောင်း ၂၀၂၀ ခုနှစ် ဇန်နဝါရီလပထမအပတ်မှလုပ်ငန်းများစတင်ဆောင်ရွက်ခဲ့ရာ ဧပြီလကုန်တွင် လုပ်ငန်းများ ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။

 

331

 

အလားတူ တင်ဒါအောင်မြိတ်တော်ဝင်ပုလဲကုမ္ပဏီမှ မြိတ်မြို့နယ်၊ ကျောင်းတောင် ကျေးရွာတွင် ရေတားတမံ၊ ရေဂါလန်(၅၀ဝ၀)ဆံ့ အုတ်ရေကန်(၁)လုံး နှင့်အရှည်(၁/ဝ)မိုင် စိမ့်စမ်းရေသွယ်တန်းခြင်း လုပ်ငန်းကိုငွေကျပ်( ၁၃ ဒသမ ၇၀ )သန်း ဖြင့် လည်းကောင်း၊ ဒေါကျေးရွာတွင်ရေတားတမံ၊ ရေဂါလန် (၅၀ဝ၀)ဆံ့ အုတ်ရေကန် (၁)လုံးနှင့် အရှည်(၁/ဝ)မိုင် စိမ့်စမ်းရေ သွယ်တန်းခြင်းလုပ်ငန်းကို ငွေကျပ်( ၁၃ ဒသမ ၇၀ )သန်းဖြင့်လည်းကောင်း၊ ဓါးသွေးကျေးရွာတွင်ရေတားတမံ၊ ၊ ရေဂါလန် (၅၀ဝ၀) ဆံ့အုတ်ရေကန် (၁)လုံးနှင့် အရှည်(၂/ဝ)မိုင် စိမ့်စမ်းရေသွယ်တန်းခြင်းလုပ်ငန်းကို ငွေကျပ်( ၂၄ ဒသမ ၄၈ )သန်းဖြင့် တင်ဒါအောင် Aung Pyi Sone ကုမ္ပဏီမှလည်းကောင်း၂၀၂၀ ခုနှစ် ဇန်နဝါရီလ ပထမအပတ်မှ လုပ်ငန်းများ စတင်ဆောင်ရွက်လျှက်ရှိရာ လုပ်ငန်းများအားလုံး ဧပြီလကုန်တွင် ပြီးစီးမည်ဖြစ်ကြောင်း မြိတ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဉီးစီးဌာန မြို့နယ်ဉီးစီးမှူး ဉီးကျော်ဝင်းနိုင်ထံမှ သိရသည်။

 

မြင့်ဉီး(မြိတ်)

 

7722