နွေရာသီမြန်မာ့သိုင်းသင်တန်း သင်တန်းဆင်းပွဲကျင်းပ

ဟင်္သာတ  ၂   ဧပြီ

ဟင်္သာတမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာ့သိုင်းဆပ်ကော်မတီတို့ ပူးပေါင်းဖွင့်လှစ် သင်ကြားသည့် နွေရာသီမြန်မာ့သိုင်းသင်တန်း သင်တန်းဆင်းပွဲအခမ်းအနားကို ဧပြီ ၁ ရက် နံနက် ၉ နာရီက မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပသည်။

အခမ်းအနားတွင် ထူးချွန်ကစားသမားများက ဗန်တိုအပိုင်း(၁) လက်ရေး(၆၃)နည်း၊ ဗန်တိုအပိုင်း(၂)လက်ရေး (၁၀၈)နည်းတို့ကို တစ်ဦးခြင်းနှင့် အစုအဖွဲ့ကစားခြင်းများဖြင့် စွမ်းရည်ပြသပြီး မြန်မာ့သိုင်းအဖွဲ့ချုပ်ဦးအောင်နိုင်ဦး၊ ဆပ်ကော်မတီဥက္ကဋ္ဌ ဦးအေးစိုး၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးအရာရှိဦးကျော်သန့်နှင့် တာဝန်ရှိသူ များက ထူးချွန်ဆုရရှိသူများနှင့် သင်တန်းသား၊ သင်တန်းသားသူများကို ဂုဏ်ပြုဆုတံဆိပ်နှင့် သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ချီးမြှင့်ခဲ့သည်။

အဆိုပါ နွေရာသီမြန်မာ့သိုင်းသင်တန်းကို မတ်လ ၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ အချိန်(၁)လကြာ ဖွင့်လှစ်သင်ကြားခဲ့ခြင်းဖြစ်ပြီး မြို့နယ်အတွင်းမှ သင်တန်းသား၊ သင်တန်းသူ(၁၃၂)ဦး တက်ရောက် သင်တန်းဆင်းခဲ့ကြောင်း သိရှိရပါသည်။

ကျော်ကျော်(ပြန်/ဆက်)