နွေရာသီကျောင်းပိတ်ရက်၌ ကျောင်းသား/ကျောင်းသူများအား "သစ်တောနှင့်ဇီဝ မျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးဆိုင်ရာ အသိပညာဟောပြောပွဲ ကျင်းပ

နေပြည်တော် ဧပြီ ၂၇

နွေရာသီကျောင်းပိတ်ရက်၌ ကျောင်းသား/ကျောင်းသူများအား "သစ်တောနှင့်ဇီဝ မျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးအစီအစဉ်အရ ယမန်နေ့ နံနက်ပိုင်းတွင်  မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီးကလေး များ သင်တန်းကျောင်း (လမ်း၃၀၊ ၆၃ x ၆၄ လမ်းကြား)၊ စုဝေးခန်းမ၌ မန္တလေးခရိုင်နှင့် ရမည်းသင်းခရိုင်၊ သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးများ ဦးဆောင်၍ ''မြန်မာနိုင်ငံ၏ သစ်တောဂေဟစနစ် ထိန်းသိမ်းရေးလုပ်ငန်းများ''ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပကြသည်။

ထို့နောက် ဆရာမများနှင့် ကျောင်းသူများကိုသစ်တောသစ်ပင် စိုက်ပျိုးခြင်း နည်းစနစ် မှန်ကန်သိရှိစေရန် သရုပ်ပြ၍ ကျောင်းဝင်းအတွင်း အမှတ်တရ ပျိုးပင်များ စိုက်ပျိုးခဲ့ကြပြီး ပုသိမ်ကြီးမြို့နယ်၊ သစ်တောဦးစီးဌာန၊ မြို့မအမြဲတမ်းပျိုးဥယျာဉ်သို့ သွားရောက်၍ ပျိုးဥယျာဉ်လုပ်ငန်းဆိုင်ရာများအား ရှင်းလင်းပြသခဲ့ကြသည်။
ဟောပြောပွဲသို့ အောင်မြေသာစံမြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ်မှ ဦးစီးအရာရှိ များ ဦးဆောင်သည့် သစ်တောဝန်ထမ်းများ ၊ ချမ်းအေးသာစံမြို့နယ်၊ အမျိုးသမီး ကလေးများ သင်တန်းကျောင်းမှ ကျောင်းအုပ် ဒေါ်မီမီလွင်နှင့် ကြီးကြပ်ဆရာမများ၊ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသူများ၊ စုစုပေါင်း(၉၉)ဦးတက်ရောက်ခဲ့ကြသည်။

ထို့အတူ တနင်္သာရီတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှဦးဆောင်၍ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ ထားဝယ်မြို့တွင် သစ်တောနှင့်ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ”ကျင်းပရာ ထားဝယ်ခရိုင်၊ လက်ထောက် ညွှန် ကြားရေးမှူး၊ နှင့် ထားဝယ်မြို့နယ်၊ ဦးစီးအရာရှိ တို့က ကျောင်းသား/ ကျောင်းသူများကို သစ်တောသစ်ပင်နှင့် ဇီဝမျိုးစုံမျိုးကွဲများကို ချစ်ခင်မြတ်နိုးလာစေရန် ၊ ရာသီဥတုပြောင်းလဲမှုကို သိရှိနားလည်စေပြီး သစ်တောများမှ လူသားများနှင့် ဇီဝမျိုးစုံမျိုးကွဲများအပေါ် အထောက်အကူပြုပေးသည့် အကြောင်းအရင်းများကို သိရှိစေရန်နှင့် သစ်တောသစ်ပင်များ၏ အရေးပါမှုကို သိရှိပြီး ပူးပေါင်းဆောင်ရွက်နိုင်ရန်တို့အတွက် သစ်တောများနှင့် ရာသီဥတုပြောင်းလဲမှု လျော့ချရေး ၊ သစ်တောများနှင့် ရေဝေရေလဲဒေသများစသည်တို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြရာ ဟောပြောပွဲသို့  ဆရာ/ ဆရာမနှင့် ကျောင်းသား/ ကျောင်းသူ စုစုပေါင်း(၅၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်