နွေရာသီအားကစားသင်တန်းကို ထန်းတပင်မြို့နယ်၌ အားကစားနည်း ငါးမျိုးဖြင့် ဖွင့်လှစ်ပေးသွားမည်

ထန်းတပင်  ၆   မတ် 


ကျောင်းသား၊ ကျောင်းသူကလေးငယ်များနှင့် ရပ်ကွက်/ကျေးရွာနေပြည်သူများကို အားကစား ဆိုင်ရာ အသိပညာများရရှိစေရေး၊  အားကစားလှုပ်ရှားမှုများတွင် ပြည်သူတစ်ရပ်လုံး စိတ်ပါဝင်စားမှုများရှိလာစေရန်နှင့် မျိုးဆက်သစ် အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ နွေရာသီအားကစားသင်တန်းများကို ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် မြို့မအားကစားကွင်းတွင် ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှသိရသည်။


ထန်းတပင်မြို့နယ်၌ နွေရာသီအားကစား သင်တန်းများကို မြို့မအားကစားကွင်းတွင် ဖွင့်လှစ် သင်ကြားပေးသွားမည်ဖြစ်ပြီး    ဘောလုံး၊  ဘော်လီဘော၊ ဖူဆယ်၊ ပိုက်ကျော်ခြင်းနှင့် Myanmar fitness dance ကိုယ်လက်လှုပ်ရှားဆေးတပါးကစားနည်းငါးမျိုးတို့ကို မတ်လ ၁၀ ရက်နေ့မှ စတင်၍ ဧပြီလ ၄ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။


အဆိုပါ သင်တန်းသို့ မည်သူမဆို တက်ရောက်သင်ကြားနိုင်မည်ဖြစ်ပြီး သင်တန်းတက် ရောက်လိုသူများအနေဖြင့် ထန်းတပင်မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနသို့ လူကိုယ်တိုင် လာရောက်ကာ စာရင်းပေးသွင်းနိုင်သလို ဖုန်း-ဝ၉၇၇၄၃၄၅၀၉၇၊ ဝ၉၇၆၇၉၀၇၆၄၉သို့ ဆက်သွယ်၍ လည်းစာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။


ဇင်မင်းထိုက်(ပြန်/ဆက်)