နွေရာသီ သောက်သုံးရေ ရှားပါးပြတ်လပ်မှုအတွက် အကူအညီ အလွယ်တကူတောင်းခံနိုင်

နေပြည်တော် ၁ ဧပြီ

 

၂၀၂၀ ပြည့်နှစ်၊ နွေရာသီကာလအတွင်း ကျေးရွာများ၌ နွေရာသီသောက်သုံးရေ ရှားပါးပြတ်လပ်မှု မဖြစ်ပေါ်စေရေးနှင့်စပ်လျဉ်း၍ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးရွာများတွင် သောက်သုံးရေလုံလောက်မှု ရှိ/မရှိနှင့် ရေပြတ်လပ်မှုဖြစ်နိုင်ခြေများအား ကွင်းဆင်း၍ ကြိုတင်စာရင်း ကောက်ယူခြင်း၊ ကျေးရွာများနှင့် တိုက်ရိုက်ဆက်သွယ် ဆောင်ရွက်နိုင်ရန်အတွက်  အမည်နှင့်ဖုန်းနံပါတ်များအား စုစည်းပြုစုထားခြင်း၊ Water Donation Myanmar App အသုံးပြု၍ သောက်သုံးရေ အခက်အခဲများကို ဖြည့်ဆည်းကူညီ ဆောင်ရွက်ပေးခြင်းတို့အား သက်ဆိုင်ရာဌာနအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

 

aff1111

 

၂၀၂၀ ပြည့်နှစ်၊ မတ် ၃၁ ရက်ထိ ရေပြတ်လပ်မှုမဖြစ်ပေါ်စေရေး ဆောင်ရွက်မှုများအနေဖြင့် တိုင်းဒေသကြီး/ပြည်နယ် (၈)ခုရှိ မြို့နယ်ပေါင်း (၁၉)၊ ကျေးရွာပေါင်း (၅၄)ရွာသို့ ရေဂါလန် ၃၄၅၀၇၆ ဖြန့်ဝေထောက်ပံ့ပေးနိုင်ခဲ့ပြီး  ကျေးရွာများသို့ ရေဖြန့်ဝေပေးမှု အ​ခြေအနေမှာ ပူးတွဲပါ ဇယားအတိုင်း ဖြစ်သည်။

 

ရေရှားပါးပြတ်လပ်သော ကျေးရွာများမှ သောက်သုံးရေ ဖြည့်ဆည်းပေးနိုင်ရေး အကူအညီတောင်းခံနိုင်ရန်နှင့် ရေလှူဒါန်းလိုသော စေတနာရှင်၊ အလှူရှင်များမှ ရေလှူဒါန်းမှုများ ပြုလုပ်ပေးနိုင်ရန်တို့အတွက် Water Donation Myanmar App ကို အလွယ်တကူ အသုံးပြုဆောင်ရွက်နိုင်ပါကြောင်းနှင့် ရေရှားပါးပြတ်လပ်မှုနှင့် ဖြည့်ဆည်းဆောင်ရွက်ပေးမှု နောက်ဆုံးအခြေအနေများအား water-donation.com တွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါကြောင်း သိရသည်။

 

သတင်းစဉ်