နွေရာသီ အခြေခံကြက်တောင် သင်တန်းဆင်းပွဲနှင့် ဆုပေးပွဲကျင်းပ

 

တာချီလိတ် ၂၅ မေ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ကာယပညာဦးစီးဌာနနှင့် တာချီလိတ်ကြက်တောင် ဆပ်ကော်မတီတို့မှ ပူးပေါင်းဖွင့်လှစ်သည့် နွေရာသီ အခြေခံကြက်တောင် သင်တန်းဆင်းပွဲနှင့် ဆုပေးပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၁ နာရီက မိုးလုံလေလုံ အားကစားရုံ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် အသင်းနာယက ဦးဘိုချိုမှ အမှာစကားပြောကြားခြင်းနှင့် ဆပ်ကော်မတီဥက္ကဋ္ဌ ဦးစိုင်းဆိုင်ကျောက်မှ လူငယ်များအား နှုတ်ခွန်းဆက်စကား ပြောကြားပြီး အားပေးစကားများ ပြောကြားခဲ့သည်။ ထို့နောက် ဆုရရှိကြသော အသက် (၁၈) နှစ်အောက် အလွတ်တန်း တစ်ဦးချင်းပြိုင်ပွဲနှင့် နှစ်ယောက်တွဲပြိုင်ပွဲ၊ (၁၅) နှစ်အောက် (B) အဆင့် အမျိုးသား တစ်ဦးချင်း၊ (C) အဆင့် အမျိုးသား တစ်ဦးချင်းပြိုင်ပွဲ၊ (၁၅) နှစ်အောက် အမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲနှင့် အမျိုးသမီး နှစ်ယောက်တွဲပြိုင်ပွဲ၊ အပျော်တမ်းပြိုင်ပွဲတို့တွင် ဆုရရှိသူအသီးသီးအား ဆုများချီးမြှင့်ခဲ့ကြသည်။

ယင်းနောက် အောင်လက်မှတ်များနှင့် ဆုများကို တာချီလိတ် ကြက်တောင်နာယက ဦးဘိုချို၊ ကြက်တောင်အသင်းဥက္ကဋ္ဌ ဦးစိုင်းဆိုင်ကျောက်နှင့် အသင်းမှ တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)

 

mdn