နေပြည်တော်ရှိ အခြေခံပညာကျောင်း ၃၀ မှ ကျောင်းသား ကျောင်းသူ ၆၂၆၂ ဦး အတွက် စာရေးကိရိယာများ လှူဒါန်း

နေပြည်တော် ၁၅ သြဂုတ်

 

မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းမှ နေပြည်တော်ရှိ အခြေခံပညာကျောင်း ၃၀ တွင် တက်ရောက်ပညာသင်ကြားနေကြသည့် ကျောင်းသား ကျောင်းသူ ၆၂၆၂ ဦးအတွက် ကျောင်းဝတ်စုံနှင့် စာရေး ကိရိယာများ ပေးအပ်လှူဒါန်းပွဲကို သြဂုတ် ၉ ရက် နံနက်ပိုင်းက နေပြည်တော် ဒက္ခိဏသီရိမြို့နယ် သုခမလမ်းရှိ မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

 

အခမ်းအနားတွင် မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ စန်းစန်းမြင့်အောင် က အဖွင့်အမှာစကား ပြောကြားပြီး ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များမှ နေပြည်တော်ရှိ အခြေခံပညာကျောင်း ၃၀ မှ ကျောင်းသား/သူ (၆၂၆၂) ဦးအတွက် စုစုပေါင်း ငွေကျပ် ၂၁၃၅၂၀ဝ၀ တန်ဖိုးရှိ ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ၊ လယ်ဝေးမြို့နယ် ဇီးကုန်းကျေးရွာမှ အဋ္ဌမတန်းတွင် တက်ရောက်ပညာသင်ကြားနေသော သုံးမွှာပူး ကလေး(၃)ဦးတို့အား စက်ဘီး (၃)စီး ထောက်ပံ့လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။

 

သူရိန် (ဥပဒေ)