နေပြည်တော်၌ လူထုစုပေါင်းလမ်းလျှောက်ပွဲ ဆင်နွှဲ

နေပြည်တော် ဒီဇင်ဘာ ၁၇

 

၂၀၂၂ ခုနှစ် ဒီဇင်ဘာ (တတိယပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲများကို မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၁၇ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ပြုလုပ်ရာ ဗဟိုအဆင့် ပြည်ထောင်စုအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ စုစုပေါင်းအင်အား ၃၇၀၀ ခန့် ပျော်ပျော်ရွှင်ရွှင် စည်ကားသိုက်မြိုက်စွာ ပါဝင်ဆင်နွှဲခဲ့ကြသည်။

 

လူထုစုပေါင်းလမ်းလျှောက်ကြသူများသည် ဝဏ္ဏသိဒ္ဓိအားကစားကွင်း သတ်မှတ်လမ်းကြောင်းများအတိုင်း ပျော်ပျော်ပါးပါး လမ်းလျှောက်ကာ စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်း အတွဲ() ()နှင့် Physical Fitness Dance Exercises လေ့ကျင့်ခန်းများကို စုပေါင်းပါဝင် ဆောင်ရွက်ကြပြီး အားကစားနှင့် ကာယပညာဦးစီးဌာနက ရေသန့်ဘူး၊ Royal-D နှင့် အာဟာရမုန့်များ ပေးဝေခဲ့ကြောင်း သိရသည်။

           

MDN

 

mdn