နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး  လယ်ဝေးမြို့နယ်တွင် ကောက်စိုက်စက်ဖြင့် နွေစပါးနှိုင်းယှဉ် စိုက်ပျိုးခြင်း သရုပ်ပြပွဲအခမ်းအနားနှင့် လူရည်ချွန်မောင်မယ်များ ဩဝါဒခံယူပွဲ တက်ရောက်

 

နေပြည်တော်     ဧပြီ     ၂၃

 

စက်မှုလယ်ယာဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် ကောက်စိုက်စက်ဖြင့် နွေစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် လယ်ဝေးမြို့နယ် သစ်ဆိမ့်ပင်ကျေးရွာအုပ်စု ကွင်းအမှတ် ၁၈၂၆ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော် ကောင်စီဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ၊ တောင်သူများ တက်ရောက်ကြသည်။

 

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက သီးနှံများစိုက်ပျိုးထုတ်လုပ်ရာတွင် မျိုးကောင်း မျိုးသန့်သုံးစွဲရေး၊ စိုက်နည်းစနစ်များ ပြောင်းလဲစိုက်ပျိုးရေး၊ သတ်မှတ်သွင်းအားစုများ လုံလုံ လောက်လောက် ထည့်သွင်းပေးရေးနှင့် ရိတ်သိမ်းရာတွင် အလေအလွင့်အနည်းဆုံးနှင့် ရိတ်သိမ်းနိုင်ရေး အတွက် စက်ကိရိယာများ တွင်ကျယ်စွာအသုံးပြုရေးနှင့် စိုက်ပျိုးရေကို အလေအလွင့်မရှိ စနစ်တကျ သုံးစွဲရေးတို့ကို အလေးထားလိုက်နာ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ နွေစပါးနှင့် နွေသီးနှံများကို လျာထားချက်စိုက်ဧက ပြည့်မီရေး၊ တစ်ဧကပန်းတိုင်အထွက်နှုန်းနှင့် စံအထွက်နှုန်းများထွက်ရှိအောင် အထူးအလေးထားကြိုးစား ဆောင်ရွက်စိုက်ပျိုးကြရမည်ဖြစ်ကြောင်း ပြောကြားပြီး  နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် နေပြည်တော်ကောင်စီဝင်များက တောင်သူများအား သဘာဝမြေဩဇာများကို ထောက်ပံ့ပေး အပ်ကြသည်။

 

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်တာဝန်ရှိသူများသည် တောင်သူများနှင့်အတူ တောင်သူ ဦးသန်းငွေ၏ လယ်မြေတွင် ကောက်စိုက်စက်ဖြင့် နွေစပါးစိုက်ပျိုးခြင်း သရုပ်ပြသမှုနှင့် ခင်းကျင်းပြသထားသည့် လယ်ယာသုံးစက်ကိရိယာများကို ကြည့်ရှုအားပေးကြသည်။

 

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် ဇမ္ဗူသီရိမြို့နယ်၊ အမှတ်() အခြေခံပညာ အထက်တန်းကျောင်း၊ ပညာရတနာခန်းမ၌ကျင်းပသည့် နွေရာသီကွန်ပျူတာ၊ အင်္ဂလိပ်စာ၊ ယဉ်ကျေးလိမ္မာနှင့် ပန်းချီသင်တန်းများ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။

 

အခမ်းအနားတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကား ပြောကြားပြီး ယဉ်ကျေး လိမ္မာသင်တန်းအတွက် ၃၈ ဖြာမင်္ဂလာ၊ ဗုဒ္ဓဝင်၊ ဘုရားရှိခိုးနှင့် ပြည်သူ့ နီတိစာအုပ်များကို ပေးအပ်လှုဒါန်းရာ ဇမ္ဗူသီရိမြို့နယ် ပညာရေးမှူး ဦးဝင်းနိုင်က လက်ခံရယူပြီး နေပြည်တော်ကိုယ်ပိုင် ကျောင်းများအသင်း နာယက ဦးစိုးလှိုင်က ကွန်ပျူတာ၊ အင်္ဂလိပ်စာနှင့် ပန်းချီသင်တန်းများအတွက် သင်ထောက်ကူစာအုပ် များကို ပေးအပ်လှူဒါန်းရာ အမှတ် () အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးဝင်းမြင့်ဦး က လက်ခံရယူ သည်။

 

ယနေ့ဖွင့်လှစ်သည့် နွေရာသီကွန်ပျူတာ၊ အင်္ဂလိပ်စာ၊ ယဉ်ကျေးလိမ္မာနှင့် ပန်းချီသင်တန်းများကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ မြို့နယ်()မြို့နယ်တွင် ဧပြီ ၂၃ ရက်မှ မေ ရက်အထိ တစ်ပြိုင်တည်း စာတွေလက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ရာ မြို့နယ်များအလိုက် သတ်မှတ် အခြေခံပညာအထက်တန်းကျောင်းများ၌ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း ၁၅၉၀  တက်ရောက် သင်ကြားလျက်ရှိသည်။

 

မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် ပျဉ်းမနားခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် လူရည်ချွန်မောင်မယ်များ ဩဝါဒခံယူပွဲ အခမ်းအနားသို့ တက်ရောက်သည်။

 

အခမ်းအနားတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက လူရည်ချွန်မောင်မယ်များအနေဖြင့် မြန်မာနိုင်ငံအတွင်းရှိ အထင်ကရနေရာများ၊ အပန်းဖြေစခန်းများ သွားရောက်လေ့လာရာတွင် ဒေသန္တရ ဗဟုသုတများ၊ အတွေ့အကြုံများကို လေ့လာမှတ်သားခဲ့ပြီး အခြားကျောင်းသား/ ကျောင်းသူများအား ပြန်လည်မျှ ဝေပေးစေလိုကြောင်း၊ လူရည်ချွန် မောင်မယ်များနှင့်အတူ လိုက်ပါကြီးကြပ်ကြမည့် ဆရာ/ဆရာမများအနေဖြင့် မိမိတို့တာဝန်ယူရမည့် လူရည်ချွန်စခန်းများအလိုက် လူရည်ချွန် ကျောင်းသား/ ကျောင်းသူများအား ကျန်းမာရေး၊ နေထိုင်စားသောက်ရေး အစစအရာရာ ဘေးကင်းလုံခြုံစေရေးတို့ကို အလေးထားကြီး ကြပ်ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

 

ထို့နောက် လူရည်ချွန်မောင်မယ်များနှင့် ကြီးကြပ်သူများက တစ်ဦးချင်းဂါရဝပြု မိတ်ဆက်ကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌက လူရည်ချွန်မောင်မယ်များနှင့် ကြီးကြပ်သူများကို ဂုဏ်ပြုချီးမြှင့်ငွေ များပေးအပ်ရာ လူရည်ချွန်မောင်မယ်များနှင့် ကြီးကြပ်ဆရာမတစ်ဦးတို့က လက်ခံရယူကြပြီး လူရည်ချွန် မောင်မယ်များကိုယ်စား လူရည်ချွန်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

 

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများသည် လူရည်ချွန် မောင်မယ်များ၊ ကြီးကြပ်ဆရာ/ဆရာမများနှင့်အတူ အမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီး လူရည်ချွန်မောင်မယ်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်စကား ပြောကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)