နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ သစ်တန် ၂၇၀ ကျော် ဖမ်းဆီးရမိ

နေပြည်တော် ၈ ဇူလိုင်

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနသည် တရားမဝင် သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် အပါအဝင် နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဇွန် ၂၉ ရက်မှ ဇူလိုင် ၅ ရက်အထိ နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း ၅၆ ဒသမ ၆၅၄၂ တန်၊ သစ်မာ ၈၃ ဒသမ ၄၉၆၄ တန်၊ အခြား ၁၃၁ ဒသမ ၈၃၉၆ တန် စုစုပေါင်း ၂၇၁ ဒသမ ၉၉၀၂ တန်၊ တရားခံ (၅၆)ဦး၊ ယာဉ်/ယန္တရား (၃၁)စီး ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာမှ သိရသည်။

 

ညီညီသန်း(နေပြည်တော်)