နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

နေပြည်တော် ၂၆ ဇွန် 


    
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ် ကြည့်ရှုသတင်းပို့စနစ်အပြင် နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဇွန် ၁၇ ရက်မှ ၂၃ ရက်အထိ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ သစ်တောဦးစီးဌာနများမှ ပေးပို့လာသည့် စာရင်းများအရ ကျွန်း (၈၄ ဒသမ ၇၅၅၅)တန်၊ သစ်မာ(၉၅ ဒသမ ၅၁၃၃) တန်နှင့် အခြား (၁၀၈ ဒသမ ၆၀၉၉)တန် စုစုပေါင်း (၂၈၈ ဒသမ ၈၇၈၇)တန်၊ ပြစ်မှုကျူးလွန်သူ (၅၄)ဦးနှင့် ယာဉ်/ယန္တရား (၅၇)စီးတို့ကို ဖမ်းဆီးရမိခဲ့ပါကြောင်း သစ်တောဉီးစီးဌာနမှ သိရသည်။

 

မောင်လူမော်