နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

နေပြည်တော် ၈ မေ 

 


သစ်တောဦးစီးဌာနသည် တရားမဝင် သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီး နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဧပြီ ၂၉ ရက်မှ မေ ၅ ရက်အထိ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် သစ်တောဦးစီးဌာနများမှ ပေးပို့လာသည့်စာရင်းများအရ ကျွန်း ၁၁၇ ဒသမ ၅၈၈၇ တန်၊ သစ်မာ ၁၀ဝ ဒသမ ၇၈၃၃ တန်နှင့် အခြား (၁၉၃ ဒ၇၂၅၃)တန် စုစုပေါင်း ၄၁၂ ဒသမ ဝ၉၇၃ တန်နှင့် ပြစ်မှုကျူးလွန်သူ (၅၄)ဦး၊ ယာဉ်၊ ယန္တရား(၅၄)စီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 


အဆိုပါ ဖမ်းဆီးရမိမှုများတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်အတွင်းမှ အင်သစ်လုံးနှင့် လုံးပတ်သုံးပေအောက်သစ် စုစုပေါင်း (၃၁၁)လုံး ၅၁ ဒသမ ၃၁၄၀ တန်အား ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဉီးစီးဌာနမှ သိရသည်။ 

 


မောင်လူမော်

 

ျ