နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

နေပြည်တော် ဇန်နဝါရီ ၁၂

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးကို ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် (Community Monitoring and Reporting System -  CMRS) အပါအဝင် နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၃ ရက်မှ ၉ ရက်အထိ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၁၀၉ ဒသမ ၉၆၃၈)တန်၊ သစ်မာ (၃၇ ဒသမ ၆၄၁၄)တန်၊ အခြား (၁၃၂ ဒသမ ၅၂၂၇)တန် စုစုပေါင်း (၂၈၀ ဒသမ ၁၂၇၉) တန်၊ တရားခံ (၃၀) ယာဉ်/ယန္တရား (၁၉)စီး ဖမ်းဆီးရမိခဲ့သည်။

 

ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ဇန်နဝါရီ ၄ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ကုန်းပြင်ဘိနယ်၊ ရေနံ့သာ-ဂွကားလမ်း မိုင်တိုင်အမှတ် (၁၉) အနီးတွင်  တရားမဝင်ကျွန်းခွဲသား (၃၅၅)ချောင်း၊ (၅၃ ဒသမ ၆၇၈၄)တန်၊ ယာဉ် (၄)စီးကို ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်