နေပြည်တော်-ရန်ကုန်လမ်းမကြီး မိုင်တိုင် ၂၄/၁ - ၂၄/၂ ကြားတွင် ယာဉ်ငါးစီး ဆင့်ကဲတိုက်မိမှုဖြစ်ပွား ထိခိုက်ဒဏ်ရာရသူမရှိ

နေပြည်တော် ၁၆ အောက်တိုဘာ

 

နေပြည်တော်-ရန်ကုန်လမ်းမကြီး မိုင်တိုင်အမှတ် ၂၄/၁ - ၂၄/၂ ကြားတွင် ယနေ့ နံနက် ၆ နာရီခွဲခန့်က ယာဉ်ငါးစီး ဆင့်ကဲ မတော်တဆမှုဖြစ်ပွားခဲ့ရာ ထိခိုက်ဒဏ်ရာရသူမရှိကြောင်း အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

 

ဖြစ်စဉ်မှာ ယာဉ်မောင်း ကိုထိန်လင်းဇော် ထောက်ကြန့်မြို့နေသူ မောင်းနှင်လာသည့် ယာဉ်အမှတ် YGN 1M/-----Scania အမျိုးအစား ဖြူ/ပြာကြားရောင် မန္တလေး-ရန်ကုန် Famous လိုင်း ခရီးသည်တင်ယာဉ်သည် အရှိန်လွန်ကာ လမ်းလယ်ကျွန်းပေါ်တက်သွားသဖြင့် နောက်မ ှရှေ့ဆင့်နောက်ဆင့်လိုက်ပါလာသော ယာဉ်အမှတ် YGN2G/----Scania အမျိုးအစား မုံရွာ-ရန်ကုန် Elite ခရီးသည်တင်ယာဉ်အမှတ် YGN 3K/----Yutong အမျိုးအစား ရွှေသလ္လာလိုင်း မုံရွာ-ရန်ကုန်ခရီးသည်တင် ယာဉ်နှင့် ယာဉ်အမှတ်- YGN 9J/---Yutong အမျိုးအစားမန်းသစ္စာလိုင်း ချောက်- ရန်ကုန် ခရီးသည်တင် ယာဉ် (၃) စီးမှ ဘရိတ်အုပ် အရှိန်လျော့လိုက်စဉ် လားရာတူ နောက်မှ ယာဉ်မောင်း ဦးစောဘလက်ဇက် မှော်ဘီမြို့နေသူ မောင်းနှင်လာသည့် ယာဉ်အမှတ်- YGN2G/---Scania အမျိုးအစား Elite ယာဉ်လိုင်း မုံရွာ-ရန်ကုန် ခရီးသည်တင် ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ နောက်မှဝင်တိုက်မိပြီး ရှေ့မှယာဉ်(၃) စီးတို့အား ရှေ့ဆင့်နောက်ဆင့် တိုက်မိမှု ဖြစ်ပွားခဲ့သည်။

 

အဆိုပါယာဉ်တိုက်မှုကြောင့် စုစုပေါင်း ယာဉ်(၅)စီး ပေါ်တွင်လိုက်ပါလာခဲ့ကြသော ယာဉ်မောင်းများ၊ ယာဉ်နောက်လိုက်များအပါအဝင် ခရီးသည်ကျား(၈၀) ဦး မ(၁၂၈) ဦးပေါင်း(၂၀၈) ဦးတို့တွင် ထိခိုက်ဒဏ်ရာ မရရှိခဲ့ကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

 

MDN