နေပြည်တော် ပြည်ထောင်စုနယ်မြေ ၂၀၁၈ ခုနှစ် တက္ကသိုလ် စာမေးပွဲအောင်စာရင်းထုတ်ပြန်

နေပြည်တော် ၂  ဇွန်

 

၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးနှင့်ပြည်နယ်များ အလိုက် တစ်ပြိုင်တည်းထုတ်ပြန်ခဲ့သည်။

 

နေပြည်တော် ပြည်ထောင်စုနယ်မြေ အတွင်းရှိ အထက်တန်းကျောင်းများ၌ နံနက်အစောပိုင်းမှ စတင်၍ စာမေးပွဲအောင်စာရင်းကြည့်ရှုမည့်သူများ စုဝေးရောက်ရှိ နေကြပြီး အောင်စာရင်းကပ်မည့် အချိန်အား စောင့်ဆိုင်းနေခဲ့ကြသည်။

 

ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် နေပြည်တော် ပြည်ထောင်စုနယ်မြေ အတွင်း ဖြေဆိုသူပေါင်း (၂၂၃၈၉) ဦး ရှိသည့်အနက် (၇၃၉၉)ဦး အောင်မြင်ခဲ့ရာ အောင်ချက်ရာခိုင်နှုန်း (၃၃ ဒသမ ဝ၅) ရာခိုင်နှုန်းရှိသည်။ ဖြေဆိုအောင်မြင်သူများ အနက် တစ်ဘာသာဂုဏ်ထူးရှင် (၁၅၀၁)ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် (၂၇၆)ဦး၊ သုံးဘာသာ ဂုဏ်ထူးရှင် (၁၂၅)ဦး၊ လေးဘာသာ ဂုဏ်ထူးရှင်(၉၆)ဦး၊ ငါးဘာသာ ဂုဏ်ထူးရှင် (၇၁) ဦးနှင့် ခြောက်ဘာသာဂုဏ်ထူးရှင် (၂၅) ဦးရှိခဲ့ကြောင်း သိရသည်။

 

နေပြည်တော် ကောင်စီနယ်မြေအတွင်း၌ ယမန်နှစ်က တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုသူ (၁၉၃၄၈)ဦးမှ (၆၇၁၀) ဦးအောင်မြင်ခဲ့ရာ အောင်ချက်ရာခိုင်နှုန်း  (၃၄ ဒသမ ၆၈) ရာခိုင်နှုန်းရှိခဲ့ပြီး ယခုနှစ်တွင် အောင်ချက်ရာခိုင်နှုန်း (၃၃ ဒသမ ဝ၅) ရာခိုင်နှုန်း ဖြစ်သဖြင့် အောင်ချက်ရာခိုင်နှုန်း ကျဆင်းသွားကြောင်း သိရသည်။

 

(သတင်းစဉ်)