နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ စည်ပင်ဧည့်ရိပ်သာ(၁)တွင် မီးဘေးလုံခြုံရေး ဟောပြောပြီး ဇာတ်တိုက် လေ့ကျင့်မှုများ ဆောင်ရွက်

နေပြည်တော်၊   ၁၈       ဒီဇင်ဘာ

                 

နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်၊ စည်ပင်ဧည့်ရိပ်သာ(၁)တွင် ဒီဇင်ဘာ ၁၇ ရက် နံနက်ပိုင်းက မီးဘေးလုံခြုံရေးဟောပြောခြင်းနှင့် ဇာတ်တိုက် လေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်။

 

mdn

 

အခမ်းအနားတွင် ဇမ္ဗူသီရိမြို့နယ် မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဉီးဝင်းကျော်နှင့် မီးသတ်တပ်ဖွဲ့ဝင် များက မီးဘေးအန္တရာယ်ဆိုင်ရာများကို သတိရှိစေရန်နှင့် အရေးပေါ် ဆက်သွယ်ရမည့် ဖုန်းနံပါတ်များ၊ လိုက်နာ ဆောင်ရွက်ရမည့် အချက်များ၊ မီးသတ်ဆေးဘူး အသုံးပြုနည်းများအား အသိပညာပေး ပြောကြားသည်။ ထို့နောက် မီးသတ်ယာဉ်၊ မီးသတ်ဆေးဘူးများဖြင့် မီးငြှိမ်းသတ်ခြင်းများကို မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ရှင်းလင်းသရုပ်ပြသခဲ့ပြီး စည်ပင်ဧည့်ရိပ်သာ ဝန်ထမ်းများက လက်တွေ့မီးငြှိမ်းသတ်ခြင်း ဆောင်ရွက်ခဲ့သည်။

 

မြို့နယ်(ပြန်/ဆက်)