နေအိမ်များမှ တံခါးရွက်များနှင့် သံပန်းတံခါးများအား ဖြုတ်ခိုးသူများအား ဖမ်းဆီးအရေးယူ

mdn

နေပြည်တော် ၂၁ ဇွန်

ထုံးဖိုမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ယနေ့ နံနက် ၂ နာရီ ၄၅ မိနစ်တွင် သက်သေများနှင့်အတူ နယ်မြေအတွင်းလှည့်ကင်းတာဝန်ဆောင်ရွက်စဉ် ပုဗ္ဗသီရိမြို့နယ်၊ ဇဝနဒီပရပ်ကွက်၊ ပိတောက်လမ်းမပေါ်၌ မသင်္ကာဖွယ် လူ(၂)ဦးအားတွေ့ရှိ၍ ရဲစခန်းသို့ ခေါ်ယူစစ်ဆေးခဲ့ရာ ဇဝနဒီပရပ်ကွက်နေ ထွန်းထွန်းဦး(ခ) ဖိုးလွယ်(၂၈)နှစ်နှင့် ဝဏ္ဏဒီပရပ်ကွက်နေ ဘိုစိန်(၅၀) နှစ် တို့ဖြစ်ပြီး ၎င်းတို့သည် လွန်ခဲ့သော ရက်(၂၀)ခန့်က ဇေယျာဒီပရပ်ကွက်အတွင်းရှိနေအိမ်များမှ တံခါးရွက်များနှင့် သံပန်းတံခါးများအား ဖြုတ်၍ ခိုးယူရောင်းချခဲ့ကြောင်း စစ်ဆေးသိရှိရသဖြင့် ထွန်းထွန်းဦး(ခ)ဖိုးလွယ်နှင့် ဘိုစိန်တို့အားထုံးဖိုမြို့မရဲစခန်း (ပ)၇၂/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀/၅၄ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။ 

MDN