နောင်တရား၌ ပအိုဝ်း၊ မြန်မာ ဘာသာစကားနှစ်မျိုးဖြင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေး အသိပညာပေးဆောင်ရွက်

နောင်တရား စက်တင်ဘာ ၂၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ အမှတ်()ရပ်ကွက်များ အတွင်း၌ ပအိုဝ်း၊ မြန်မာ နှစ်ဘာသာစကားဖြင့် ကိုဗစ်-၁၉ ရောဂါ အသိပညာပေးခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းတွင်  ဆောင်ရွက်သည်။

နောင်တရားမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကို ထိန်းချုပ်ကာကွယ်နိုင်ရန်အတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အသံချဲ့စက်ဖြင့် လူစုလူဝေးရှောင်ရှားခြင်း၊ ပြင်ပဧည့်သည်များလက်မခံခြင်း၊ မကြာခဏလက်ဆေးခြင်း၊ နှာခေါင်းစည်းများတပ်ဆင်ခြင်း၊ မလိုအပ်ဘဲ ခရီးသွားလာခြင်းနှင့် ခြောက်ပေအကွာ နေထိုင်ခြင်း စသည့် ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို ပအိုဝ်းတိုင်းရင်းသား ဘာသာစကားနှင့် မြန်မာဘာသာစကားဖြင့် ဆောင်ရွက်သည်။ နောင်တရားမြို့တွင်  ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိ၍ ကုသမှုခံယူနေသူ ၁၇ ဦး ကျန်ရှိနေပြီး ရောဂါပိုးကူးစက်မှု လျော့နည်းလာကြောင်း သိရသည်။

ခွန်အောင်(နောင်တရား)