နောင်တရားမြို့၌ Home Garden ဆောင်ရွက်မည့် တောင်သူများအား ဟင်းသီးဟင်းရွက် မျိုးစေ့နှင့် သဘာဝဓာတ်မြေသြဇာများဖြန့်ဝေ

နောင်တရား   ၆   မေ

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့တွင် စိုက်ပျိုးရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ကာလနှင့် ကိုဗစ်-၁၉ အလွန်ကာလများ၌ Home Garden ဆောင်ရွက်မည့် တောင်သူများအား ဟင်းသီးဟင်းရွက်မျိုးစေ့နှင့် သဘာဝဓာတ်မြေသြဇာများ ဖြန့်ဝေခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် ကျင်းပသည်။

 

Home Garden ဆောင်ရွက်မည့် တောင်သူများထံ ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးခွန်စောအောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ဒေသခံ တောင်သူများ လက်ဝယ်အရောက် ဟင်းသီးဟင်းရွက်မျိုးစေ့နှင့် သဘာဓာတ်မြေသြဇာများကို ဖြန့်ဝေသည်။ ကိုဗစ်-၁၉ ကာလနှင့် ကိုဗစ်-၁၉ အလွန်ကာလများ၌ ပြည်သူများအား လတ်ဆတ်ပြီး အာဟာရပြည့်ဝသည့် သီးနှံများ စားသုံးနိုင်ရေးနှင့် မိမိတို့ အိမ်တွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးနိုင်ရေးအတွက် ဖြန့်ဝေရခြင်းဖြစ်ကြောင်း သိရသည်။ ကျေးရွာအုပ်စု (၃) အုပ်စုအတွင်းရှိ အိမ်ထောင်စု(၅၀)အတွက် ဟင်းသီးဟင်းရွက်မျိုးစေ့ (၇)မျိုးနှင့် သဘာဝဓာတ်မြေသြဇာများ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ခွန်အောင်(နောင်တရား)