နောင်ချိုမြို့ပေါ်ရှိ စက်သုံးဆီအရောင်ဆိုင်အများစု ဆီပြတ်လပ်မှုကြောင့် ပိတ်ထားရ

နောင်ချို စက်တင်ဘာ ၃၀

 

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့ပေါ်ရှိ စက်သုံးဆီ အရောင်းဆိုင်အများစုမှာ ဆီပြတ်လပ်မှုကြောင့် စက်တင်ဘာ ၃၀ ရက် နံနက်ပိုင်းမှစတင်၍ ပိတ်ထားလျက်ရှိကြောင်း သိရသည်။

 

နောင်ချိုမြို့နယ်တွင် ဓာတ်ဆီဈေးများ မြင့်တက်လျက်ရှိသည့်အပြင် စက်တင်ဘာ ၃၀ ရက် နံနက်ပိုင်းတွင် စက်သုံးဆီ အရောင်းဆိုင်အများစုမှာ ပိတ်ထားလျက်ရှိရာ ဖွင့်လှစ်ရောင်းချသည့် စက်သုံးဆီ အရောင်းဆိုင်များ၌ ပြည်သူများ အလုအယက်ဝယ်ယူလျက်ရှိကြောင်း မြို့နေပြည်သူများထံမှ သိရသည်။

 

ထွေးငယ်(ပြန်/ဆက်)