နောင်ချိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ၂၈ ဦး ထပ်မံတွေ့ရှိ

နောင်ချို  ဇူလိုင်  ၁၈

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်တွင် ဇူလိုင် ၁၇ ရက်က ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ အတည်ပြုလူနာ ၂၈ ဦး ထပ်မံတွေ့ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးကော်မတီမှ သိရသည်။

 

နောင်ချိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးရှိကြောင်း စိစစ်တွေ့ရှိသူများနှင့် ထိတွေ့ဆက်စပ်ခဲ့သူများ၊ ဖျားနာသူများကို နောင်ချိုမြို့နယ် ပြည်သူ့ဆေးရုံနှင့် သုံးဆယ်တိုက်နယ်ဆေးရုံတို့တွင် စစ်ဆေးခဲ့ရာ ဇူလိုင် ၁၇ ရက်တွင် ၇၀ ဦးကို စစ်ဆေးအပြီး အမျိုးသား ၁၃ ဦးနှင့် အမျိုးသမီး ၁၅ ဦး  စုစုပေါင်း ၂၈ ဦးတို့တွင် ကိုဗစ်-၁၉ ရောဂါတွေ့ရှိရကြောင်း၊ အဆိုပါ ပိုးတွေ့လူနာများအား နောင်ချိုမြို့နယ် ပြည်သူ့ဆေးရုံ၊   နောင်ချိုမြို့ မြနန်းတော်ဝင်ခန်းမတို့တွင် ကြပ်မတ်ကုသနိုင်ရန် သီးခြားဆောင်ရွက်ထားရှိပြီး ပိုးတွေ့လူနာများနှင့် ထိတွေ့ဆက်စပ်ခဲ့သူများအား ၎င်းတို့နေအိမ်အသီးသီးတွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေးညွှန်ကြားချက်နှင့်အညီ အသွားအလာကန့်သတ် ထားရှိကြောင်း သိရသည်။

 

နောင်ချိုမြို့နယ်တွင် ဇူလိုင် ၁၇ ရက်အထိ ကိုဗစ်-၁၉ရောဂါပိုးတွေ့ လူနာပေါင်း ၅၇၆ ဦးရှိပြီး သေဆုံးသူ ၁၀ ဦး ၊ ဆေးရုံဆင်းခွင့်ရသူ ၃၇၈ ဦး၊ ဆေးရုံတက်ရောက်သူ ၁၈၈ ဦး ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီထံမှ သိရသည်။

 

ထွေးငယ်(ပြန်/ဆက်)