နော်ဘူဘောဆုတောင်းတောင် အတက်လမ်းအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီး

သံတောင်ကြီး  ၂၇  ဇန်နဝါရီ

 

ကရင်ပြည်နယ် သံတောင်ကြီးမြို့ရှိ နော်ဘူဘောဆုတောင်းတောင်သို့ သွားသောတောင်တက်လမ်းအား ကွန်ကရစ်ခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

 

41

 

အဆိုပါ လမ်းသည် အရှည်ပေ ၂၆၄၀၊ အကျယ် ၁၂ ပေ၊ ထု ၆ လက်မရှိပြီး ကွန်ကရစ်လမ်းဖြစ်ကာ ခွင့်ပြု ရန်ပုံငွေကျပ် ၈၀ ဒသမ ဝ၀ သန်းဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ခံ အင်ဂျင်နီယာ ဦးကံချား (အငယ်တန်းအင်ဂျင်နီယာ)မှ တာဝန်ယူဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

 

69

 

ထိုနည်းတူ ဘုရင့်နောင် တပ်နယ်မှူးဗိုလ်မှူးချုပ်သူရလမင်းဦးဆောင်၍ တပ်နယ်မိသားစုမှ နော်ဘူဘော ဆုတောင်းတောင် အတက်လမ်း ပေ ၁၀ဝ အား ကတ္တရာလမ်းခင်းခြင်း လုပ်ငန်းများကို လှူဒါန်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

85

 

နော်ဘူဘော ဆုတောင်းတောင် လမ်းပြုပြင်ခင်းကျင်းခြင်းလုပ်ငန်းများ ပြီးဆုံးသွားပြီ ဖြစ်သောကြောင့် တောင်ခြေအထိ မော်တော်ယဉ်များသွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။

 

Holy(ပြန်/ဆက်)