နှစ်ပေါင်း ၆၁ နှစ်အတွင်း အီတလီစီးရီးအေ ၂၅ ပွဲမှာ၂၇ ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံးကစားသမား အင်မိုဘိုင်းလ်

၂၅  ဖေဖော်ဝါ

လာဇီယိုတိုက်စစ်မှူး အင်မိုဘိုင်းလ်ဟာ လာဇီယိုအသင်းက ဂျီနိုအာအသင်းကို အနိုင်ရရှိခဲ့တဲ့ အီတလီစီးရီး အေပွဲစဉ် ၂၅ မှာ တစ်ဂိုးသွင်းယူပေးနိုင်ခဲ့တာကြောင့် နှစ်ပေါင်း ၆၁ နှစ်အတွင်းမှာ အီတလီစီးရီးအေ ၂၅ ပွဲမှာ ၂၇ ဂိုးအထိ သွင်းယူနိုင်ခဲ့တဲ့ ပထမဆုံးကစားသမား ဖြစ်လာခဲ့ပါတယ်။

ဂျီနိုအာအသင်းနဲ့ လာဇီယိုအသင်းတို့ရဲ့ပွဲစဉ်မှာ လာဇီယိုအသင်း က ဂျီနိုအာအသင်းကို သုံးဂိုး-နှစ်ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး အဲဒီနိုင်ပွဲကြောင့် အမှတ်ပေးဇယားထိပ်ဆုံးက ဂျူဗင်တပ်အသင်းကို တစ်မှတ်အကွာ အနေအထားနဲ့ ဆက်လက်ဖိအားပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

အီတလီစီးရီးအေပွဲစဉ် ၂၅ ပွဲမှာ သွင်းဂိုး ၂၇ ဂိုးအထက် သွင်းယူနိုင်ခဲ့တဲ့ နောက်ဆုံးကစားသမားကတော့ အိန်ဂျယ်လီလိုဖြစ်ပြီး အိန်ဂျယ်လီလိုဟာ ၁၉၅၈-၅၉ ဘောလုံးရာသီမှာ အင်တာမီလန်အသင်းနဲ့အတူ အီတလီ စီးရီးအေ ၃၃ ပွဲမှာ ၃၃ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

အင်မိုဘိုင်းလ်ဟာ ၂၀၁၅-၂၀၁၆ ဘောလုံးရာသီက ဆီဗရီီလာအသင်းကနေ တိုရီနိုအသင်းဆီ အငှားနဲ့ လာရောက်ကစားစဉ်က သွင်းဂိုးငါးဂိုး သွင်းယူနိုင်ခဲ့ပြီး ၂၀၁၆-၂၀၁၇ ဘောလုံးရာသီမှာတော့ လာဇီယို အသင်းဆီ ရောက်ရှိလာကာ အီတလီ စီးရီးအေ သွင်းဂိုး ၂၆ ဂိုးအထိ သွင်းယူ နိုင်ခဲ့ကာ ပြိုင်ပွဲအရပ်ရပ်မှာ သွင်းဂိုး ၄၁ ဂိုးအထိ ရှိထားခဲ့တာ ဖြစ်ပါတယ်။

ငွေကြယ်