နွားထိုးကြီးမြို့နယ်တွင် သဘာဝဘေး အန္တာရာယ်တုံ့ပြန်ကာကွယ်ရေး သရုပ်ပြလေ့ကျင့်

နွားထိုးကြီး    ၂၃   စက်တင်ဘာ 

 

မြင်းခြံခရိုင်၊နွားထိုးကြီးမြို့နယ် မီးသတ်ဦးစီးဌာနမှ မြေငလျင်လှုပ်ခတ်မှုနှင့် အခြားသော ဘေးအန္တာရာယ်များ ဖြစ်ပေါ်လာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လျင်မြန်စွာ တုံ့ပြန်နိုင်ရန်အတွက် အထူးတပ်ဖွဲ့ဝင်(၃၅)ဦးဖြင့် တပ်စုအဆင့် ဇာတ်တိုက်လေ့ကျင့်မှုကို ယနေ့နံနက် ၉နာရီက ပွဲတော်ကွင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ပြောင်းလဲလာသော ရာသီဥတုဖြစ်စဉ်များကြောင့် သဘာဝဘေးအန္တာရာယ်များဖြစ် သည့် ရေဘေး၊မီးဘေး၊ငလျင်ဘေး၊မြေပြိုဘေးတို့ကျရောက်လာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း များ အလျင်အမြန် ဆောင်ရွက်နိုင်ရန်အတွက် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင် ၃၅ ဦး စုဖွဲ့ထားရှိပြီး တပ်ဖွဲ့ဝင်များကိုယ်တိုင် ပါဝင်သည့် ရှာဖွေကယ်ဆယ်ရေး နည်းလမ်းများကို သရုပ်ပြလေ့ကျင့်ခဲ့ ကြောင်းသိရသည်။

 

အဆိုပါအခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ထူးအောင်၊မြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်ငြိမ်းနှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ဆရာ၊ဆရာမ၊ကျောင်းသား၊ကျောင်းသူများ၊ပြည်သူများ၊လူမှုရေးအသင်းအဖွဲ့ဝင်များ တက်ရောက်ခဲ့သည်။

 

သန်းအောင်ဇော်(ပြန်/ဆက်)