နာဂရိုးရာနှစ်သစ်ကူးပွဲတော် အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပလျက်ရှိ

လဟယ်  ၁၂  ဇန်နဝါရီ

 

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့ရှိ ရွှေပြည်သာ အားကစားကွင်းတွင် နာဂရိုးရာ နှစ်သစ်ကူးပွဲတော် အထိမ်းအမှတ် မီနီမာရသွန်(အမျိုးသား)၊ ဘော်လီဘော(အမျိုးသား)၊ ပိုက်ကျော်ခြင်း(အမျိုးသား)၊ လွန်ဆွဲ(အမျိုးသား/အမျိုးသမီး)၊ ရိုးရာထင်းခုတ်ပြိုင်ပွဲ၊ ရိုးရာနဘမ်းနှင့် သံလုံးပစ်(အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲများကို ဇန်နဝါရီ ၁၂ ရက်မှ ၁၅ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

ယနေ့နံနက်ပိုင်းတွင် ဘော်လီဘော(အမျိုးသား) ပွဲစဉ် (၂၁)ပွဲနှင့် ပိုင်ကျော်ခြင်း(အမျိုးသား)ပွဲစဉ် (၁၅)ပွဲများကို စတင်ကျင်းပလျက်ရှိကာ ကျန်အားကစားများကိုလည်း ၁၅ ရက်ထိ ယှဉ်ပြိုင်ကစားသွားကြမည်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူထံမှ သိရသည်။

 

စနေမောင်(ခန္တီး)