နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးကေဆိုင်း ဒုံဟီးမြို့ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံ

ဒုံဟီး  ၁၃   စက်တင်ဘာ 


စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးကေဆိုင်းသည် ဒုံဟီးမြို့ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တွေ့ဆုံပွဲကို ဒုံဟီးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


တွေ့ဆုံပွဲတွင် ဒုံဟီးမြို့ ဌာနဆိုင်ရာတာဝန်ရှိသူများက မိမိတို့ကဏ္ဍအလိုက် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအားရှင်းလင်းတင်ပြခြင်း၊ ဟန်ယာလူမှုကူညီရေးအသင်းဖွဲ့စည်းခြင်းနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား တာဝန်ရှိသူများမှ တင်ပြကြသည်။


ထို့နောက် ဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးကေဆိုင်းက သက်ဆိုင်ရာဌာနအသီးသီး၏ တင်ပြချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ဟန်ယာလူမှုကူညီရေးအသင်းသို့ အလှူငွေကျပ်(၁၀ဝ၀ဝဝ)အားလည်းကောင်း၊ တက္ကသိုလ်ဝင်တန်းဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား/ကျောင်းသူများ အား ဖြည့်စွက်အာဟာရများတိုက်ကျွေးနိုင်ရေးအတွက် အလှူငွေကျပ်(၃၀ဝ၀ဝဝ)အား အသီးသီး ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။


တင်ရှေး(ဒုံဟီးပြန်/ဆက်)