နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် ပြည်သူများထံ တရားဥပဒေစိုးမိုးရေးကိစ္စရပ်များ ရှင်းလင်းဆွေးနွေး

လဟယ်  ၃၀    အောက်တိုဘာ  

 

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် ဥပဒေရေးရာ ကော်မတီမှ ပြည်သူများထံသို့ တရားဥပဒေစိုးမိုးရေးကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့က လဟယ်မြို့ မာလာတောင်အားကစားခန်းမ၌ ပြုလုပ်သည်။

 

ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး တရားဥပဒေစိုးမိုးရေးနှင့် ဥပဒေရေးရာအတွင်းရေးမှူး ဦးမိုးမင်းဝင်းက အဖွင့်အမှာစကား ပြောကြားသည်။

 

ဆက်လက်၍ တိုင်းဒေသကြီးတရားဥပဒေစိုးမိုးရေးနှင့် ဥပဒေရေးရာကော်မတီအဖွဲ့ဝင် ဦးမောင်မောင်ဝင်း၊ ဦးလော်ယုံတို့က တရားဥပဒေစိုးမိုးရေးကိစ္စနှင့် ပတ်သက်ပြီး ရှင်းလင်းဆွေးနွေးသည်။

 

ယင်းနောက် တက်ရောက်လာသည့် ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာများက သိရှိလိုမှုများကို  မေးမြန်းကြရာ သက်ဆိုင်ရာကော်မတီဝင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဖြေကြားသည်။ အဆိုပါ ဆွေးနွေးပွဲသို့ လဟယ်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေး စာရေးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊ လူမှုရေးအဖွဲ့အစည်းများ၊ မြို့မ၊ မြို့ဖများ တက်ရောက်ကြောင်း သိရသည်။

 

စနေမောင်(ခန္တီး)