နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နယ်တွင် NEP စီမံကိန်း (ICB -4) ဖြင့် ကျေးရွာ ၁၀ ရွာ၌ တစ်အိမ်သုံးဆိုလာစနစ်ဖြင့် ကျေးလက်မီးလင်းရေးဆောင်ရွက်

လေရှီး  ၅  နိုဝင်ဘာ

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ်အတွင်း NEP စီမံကိန်း (ICB-4) ဖြင့် ကျေးရွာပေါင်း (၁၀)ရွာတွင် အချိုးကျ ပြည်သူ့ထည့်ဝင်ငွေဖြင့် တစ်အိမ်သုံးဆိုလာ (W-60) ဖြင့် ကျေးလက်မီးလင်းရေး လုပ်ငန်းများကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီဌာနမှ နိုဝင်ဘာ ၅ ရက်က အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

အဆိုပါ စီမံကိန်းလုပ်ငန်းကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တစ်အိမ်သုံး ဆိုလာစနစ်ဖြင့် ကျေးလက် မီးလင်းရေး ကျေးရွာပေါင် (၁၀)ရွာအတွက် တစ်အိမ်သုံး ဆိုလာ (၄၉၃)စုံ တပ်ဆင်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယင်းကျေးရွာရှိ လမ်းမီးတိုင်များ၊ ဘာသာရေးကျောင်းများ၊ စာသင်ကျောင်းများ၊ ကျေးလက်ကျန်းမာရေး ဆေးပေးခန်းများကို အခမဲ့တပ်ဆင်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

ကျေးရွာများမှာ အောင်မြင်သာကျေးရွာ၊ ဆုံကင်းကျေးရွာ၊ လှန်းလှိုင်လှကျေးရွာ၊ ရှာရှိန်းကျေးရွာ၊ ချယ်ရာကျေးရွာ၊ ဂျီလာကျေးရွာ၊ မြေနီကုန်းကျေးရွာ၊ ကူကီးစံပြကျေးရွာ၊ ကူကီးရွာမကျေးရွာနှင့် ကုံကိုင်လုံရွာမကျေးရွာတို့မှ အိမ်ထောင်စု (၄၉၃) စု၊ လူဦးရေ (၃၈၈၃) ကို အကျိုးပြုမည်ဖြစ်ပါကြောင်း သိရသည်။

မွှေးကြူဇင်