မယ်စဲ့မြို့၌ တပေါင်းလပြည့်နေ့ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ

မယ်စဲ့ ၈ မတ် 

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် မြို့နယ်သံဃနာယက ဆရာတော်များ၏ ဩဝါဒကိုခံယူပြီး မယ်စဲ့မြို့အဝင် ရတနာရန်အောင်စေတီတော်မြတ်ကြီးတွင် တပေါင်းလပြည့်နေ့ ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ပိတ်သိမ်းပွဲကို ယနေ့နံနက် ၇ နာရီက အဆိုပါစေတီတော်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

 

0051

 

ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်းနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ တပ်ရင်း/တပ်ဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ စေတနာရှင်အလှူရှင်များက ဖားဆောင်းနှင့် မယ်စဲ့မြို့နယ်အတွင်းမှ ပင့်ဖိတ်တော်မူသော သံဃာတော်အရှင်သူမြတ်များ၊ သီလရှင်များ၊ စုစုပေါင်း (၃၅)ပါးအား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို စေတနာသဒ္ဓါတရားထက်သန်စွာ လောင်းလှူကြသည်။

 

0445

 

ထို့နောက် အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ပိတ်သိမ်းပွဲကို ကျင်းပရာ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်တကွ ရပ်ဝေးရပ်နီးမှ ဧည့်ပရိသတ်များ၊ အလှူရှင် ဒါယကာ၊ ဒါယိကာမများက ဖားဆောင်းမြို့ မွေတော်ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကာ သာဓုအနုမောဒနာတရား နာယူခဲ့ကြကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)